Pages

Pages - Menu

Friday, July 18, 2014

မီဒီယာအခွင့်အရေး ကာကွယ်ပေးနိုင်မည့် ကွန်ရက်တစ်ခု မီဒီယာကို စိတ်ဝင်စားသော ရှေ့နေများ ပူးပေါင်းဖွဲ့စည်းရန်စီစဉ်

RangonNewsDaily:: July . 18 .2014
မီဒီယာ သမားများ၏ အခွင့်အရေးများနှင့်စပ် လျဉ်း ၍ ဆောင် ရွက်နိုင်ရန် မြန်မာ နိုင်ငံရှိ မီဒီယာကို စိတ်ဝင် စားသော ရှေ့နေ များပူးပေါင်းကာ Media Lawyer Networking ကို ဖွဲ့စည်းရန် ပြင်ဆင်နေ သည်ဟု သိရသည်။
ထိုကွန်ရက်ကို ဖွဲ့စည်းရခြင်းမှာ မီဒီယာလောကသားများအား ကာ ကွယ်ရန် မဟုတ် ဘဲ မီဒီယာလွတ်လပ် ခွင့်ကိုသာ ကာကွယ်ရန်နှင့်စာနယ်ဇင်း လွတ်လပ်ခွင့် ထိပါးလာပါက တရား ဥပဒေကြောင်းအရ ကာကွယ်ပေး နိုင်ရန်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ အခုဖွဲ့မှာက Media Lawyer Networking ဆို တဲ့ အဖွဲ့လေး ဖွဲ့မှာပေါ့။ ဒီအဖွဲ့က တစ်ခုပဲလုပ်မှာပါ။ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ မီဒီယာလောကကို လိုအပ်တဲ့ အကာအကွယ်တွေပေးဖို့ လိုအပ်တဲ့ အသိပညာတွေပေးဖို့ တကယ်လို့ ပြဿနာပေါ်ရင် လိုအပ်တဲ့အကြံဉာဏ် တွေပေးဖို့စတဲ့ အကူအညီတွေပေး သွားဖို့လုပ်တာပါ''ဟု ထိုကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။
::
မီဒီယာလောကလွတ်လပ်ခွင့်နှင့် ပတ်သက်၍ အုပ်ချုပ်ရေးပိုင်းမှ ရည် ရွယ်ချက်ရှိရှိဖြင့် တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့ လိုက်ဖြစ်စေ တိုက်ခိုက် လာပါက ဥပဒေကြောင်းအရ ကာကွယ် ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ သတင်းသမားများ ၏ ဖြစ်သမျှကိစ္စကို လိုက်လံဆောင်ရွက်ပေးမည်မဟုတ် ဟု ၎င်းကဆိုသည်။

လတ်တလောတွင် အဆိုပါ ကွန်ရက် ဖွဲ့စည်းရန်အတွက်လုပ်ငန်း ညှိနှိုင်းရေးအဖွဲ့ကို အဖွဲ့ဝင် ခြောက်ဦး ဖြင့် ဖွဲ့စည်းထားပြီး ယင်းအဖွဲ့ကို လာမည့် စက်တင်ဘာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်သွားမည်ဟု အဆိုပါ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ ဦးဆောင်သူ ဦးအောင်စိုးဦးက ဒီမိုကရေစီတူဒေး သို့ ပြောသည်။
::
''ကျွန်တော်တို့က ကွန်ရက် အတွက် အခုဖွဲ့စည်းပုံကို ရေးဆွဲနေ ပါပြီ။ ကွန်ရက်အနေနဲ့ မီဒီယာကို စိတ်ဝင်စားတဲ့ ရှေ့နေတွေကို စုစည်း မယ်။ နောက် မီဒီယာဥပဒေတွေကို လေ့လာမယ်။ ပြီးတော့လတ်တလော ဖြစ်ပေါ်နေတဲ့ မီဒီယာတွေရဲ့အမှုတွေ ကို ပြန်သုံးသပ်မယ်။ 

လိုအပ်ရင် အဲဒီ့ အမှုတွေကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေတွေနဲ့ဆက်သွယ်မယ်။ နောက် မျိုးဆက်သစ်တွေ ကို သင်တန်းတွေပေး မယ်။ ဒါတွေလုပ်သွားဖို့ရှိပါတယ်''ဟု ဦးအောင်စိုးဦးကပြောသည်။
::
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ''အခုလို အဖွဲ့အစည်းလေးတွေပေါ်ပေါက်လာ တယ်ဆိုတာက ဝမ်းသာစရာပါ။ဒါပေမဲ့ ရည်ရွယ်ချက်ကောင်းဖို့တော့ လို အပ်တာပေါ့။ ဘာလို့လဲဆိုရင်အဖွဲ့အ စည်းတစ်ခုဖြစ်သွားပြီးမှ ရည်ရွယ် ချက်တွေ လွဲသွားမှာစိုးလို့ပါ။ အခုလို အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာ ကို ကြိုဆိုပါတယ်''ဟု ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ ကွန်ရက်ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတကာဒီမိုကရေစီ ပြန့်ပွားရေး အဖွဲ့အစည်း၏ အကြံဉာဏ်ဖြင့် အဖွဲ့ ငယ်လေးတစ်ခုဖွဲ့စည်းကာ ဖွဲ့စည်း ပုံတစ်ခုရေးရန် ပြင်ဆင်နေကြောင်း၊ ဖွဲ့စည်းပုံရရှိပါက ဖွဲ့စည်းပုံနှင့်အညီ မှတ်ပုံတင်ကာ အဖွဲ့အစည်းတစ်ခု အားဖွဲ့စည်းသွားရန် စီစဉ်ထားကြောင်း သိရသည်။
::
အဆိုပါ ကွန်ရက် ပေါ်ပေါက်လာ ရန် ရှေ့နေများကွန်ရက်အနေဖြင့် ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် တစ် ကြိမ်၊ ၂၀၁၄ ခုနှစ် နှစ်စပိုင်းတွင် တစ်ကြိမ်နှင့် တတိယအကြိမ်အနေ ဖြင့်ဇူလိုင်လ ၁၃ ရက်နေ့တွင် တစ် ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းနှင့် ယင်းကွန်ရက်ထဲသို့ မီဒီယာ၊ စာနယ် ဇင်းကို စိတ်ဝင်စားသည့် မည်သည့် ရှေ့နေမဆို ပါဝင်လာနိုင်သည်ဟု သိရသည်။

Yangon Media ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment