Pages

Pages - Menu

Wednesday, July 30, 2014

လက်ထပ်ဖို့ငြင်းပယ်သူကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေ


RangonNewsDaily:: July . 30 .2014
သမီးရည်းစား မိန်းကလေးအား လက်ထပ်ရန်ပြောဆိုရာခဲ့ရာ ငြင်းဆန်ခြင်းခံခဲ့ရတဲ့အတွက် မိန်းကလေးကို

သတ်ပြီး မိမိကိုယ်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ် ဆိုတဲ့ ဖြစ်ရပ်တခု ပြီးခဲ့တဲ့ စနေနေ့ မနက်က ပဲခူး
တိုင်း ရွှေတောင်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။
အသတ်ခံရသူက မခင်မျိုးထိုက် ဆိုသူ ဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်ဆိုတဲ့သူက ကိုကြည်
လွင်(ခ) ကိုမဲလုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်ပွားပုံကို မခင်မျိုးထိုက်ရဲ့ အစ်မ မခင်ဆွေမြင့်က အခုလို ပြောပြပါတယ်။

စနေနေ့မနက်က ဆည်ကြီးရပ်ကွက်၊ ဖိုးခေါင်ကွက်သစ်၊ အမရာမကျောင်းတိုက်အနီး နေအိမ်ရှေ့ကွပ်ပျစ်မှာ ညီအစ်မနှစ်ယောက် ထိုင်စကားပြောနေကြပါတယ်။

အဲဒီအချိန်မှာ မခင်မျိုးထိုက်ရဲ့ ချစ်သူ ကိုကြည်လွင်(ခ) ကိုမဲလုံး ရောက်လာတယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ဈေးကပြန်လာပြီး မျက်နှာချင်းဆိုင်အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ ဆွဲခြင်းလေးချပြီး စကားပြောနေ

တုန်း အဲဒီလူဝင်လာပြီး၊ ကျွန်မ ညီမကို န င်ဘာအချိုးချိုးနေတာလဲ၊ ငါ့ကို မယူရင် ဘယ်သူ့ကို ယူမှာလဲ
 မေးတော့ ညီမက ဘယ်သူ့ကိုမှလည်း မယူဘူး၊ နင့်ကိုလည်းမယူဘူး လို့ ပြန်ပြောတော့ သူ့ခါးကြားမှာပါ
လာတဲ့ ဓါးမြှောင်နဲ့ လိုက်ထိုးတော့တာပဲ။ဝင်ဆွဲတဲ့သူတွေကိုလည်း ထိုးတယ်။ ကျမညီမကို အိမ်ပေါ်တက်
ပြေးတော့ ဘုရားစင်နားမှာမိသွားတော့ ဓါးနဲ့ထိုးတော့တာပဲ ပြီးတော့ သူ့ကိုယ်သူ ထိုးပြတယ်။ ကျွန်မကို
လည်း လိုက်ထိုးတယ်။ပြီးတော့ အိမ်ရှေ့ ထွက်ပြေးတော့တာပဲ။ ညီမကတော့ သူ့ နောက် ထွက်လိုက်ရင်း
 လမ်းထဲမှာ လဲကျပြီး ချက်ချင်း အသက်ပါ ပါသွားတာပဲ”

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်ဆိုတဲ့ ကိုကြည်လွင်ကတော့ ဓါးတန်းလန်းနဲ့ထွက်ပြေးရင်း ရေအိုင်

ထဲပြုတ်ကျသေဆုံးခဲ့ကြောင်း သူက ဆက်ပြောပါတယ်။သူက အညာဒေသတဝိုက် စက်ရေတွင်းတူးတဲ့ 
လုပ်ငန်း လုပ်ကိုင်သူဖြစ်ကာ မကွေးမြိှု့မှာေါ။နထိုင်သူ ဖြစ်ကြောင်း သိရပါတယ်။

ဒေသခံတွေကတော့ အဲဒီအမျိုးသားဟာ အခုလို မဖြစ်ပွားခင် အဲဒီအိမ်မှာ (၂) ကြိမ်ခန့် လာရောက် တည်း

ခိုခဲ့ဖူးကြောင်း၊လက်ထပ်ပေါင်းသင်းဖို့ မရမကကြိုးစားခဲ့ကြောင်း ပြောပါတယ်။

အမှုကိစ္စတွေကိုတော့ ရွှေတောင်မြို့ မြို့မရဲစခန်းမှာ မခင်ဆွေမြင့်က တရားလိုပြုတိုင်တန်းခဲ့တာပါ။စခန်း

မှူး ဒုရဲမှူးအောင်နိုင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။

ဒါပေမဲ့ ကိုကြည်လွင်ကိုယ်တိုင်မှာလည်း သေဆုံးသွားတဲ့အတွက် သေမှုသေခင်းဖြစ်စဉ်အနေနဲ့သာ စာရင်း

သွင်းထားကြောင်း ရဲစခန်းက ပြောပါတယ်။

ရွှေတောင်မြို့ မြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက ...“အမှုကတော့ တည်ဆောက်ရတော့ေ
ပါ့ဗျာ၊ ဒါပေမယ့်

တရားခံကလည်း သေဆုံးသွားပြီဆိုတော့ အမှုပိတ်ရတယ်။ တရားရုံးတွေဘာတွေတော့ မရောက်တော့ဘူး” လို့ ရှင်းပြပါတယ်။

အသတ်ခံရသူ အမျိုးသမီးရဲ့ ဘယ်ဘက်ရင်အုံနဲ့ ဝမ်းဗိုက်တဝိုက်မှာတော့ ဒဏ်ရာ အများအပြား တွေ့ခဲ့ရ

တယ်လို့ မျက်မြင်သက်သေတွေကပြောကြပါတယ်။

ဧရာဝတီ , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment