RangonNewsDaily:: June . 30 .2014
၂၉.၆.၂၀၁၄ ရက်နေ့ ၀၅၀၀ အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တစ်ထောင် အမှတ်(၅)ဗောတံတား ပေါ်မှ ယာဉ်တစ်စီး
ရန်ကုန်မြစ်အတွင်းပြုတ်ကျခဲ့ကြေ
ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်နေ ကားဝပ်ရှော့အလုပ်သမားဖြစ်သူ ကျော်ဇင်(ခ)ကျော်ဇင်စိုးသည် ပြုပြင်ဆဲ ဆူဇူကီးအ
မျိုးအစား မီးခိုးရောင်ယာဉ်အားမောင်းနှင်လာပြီး အဆိုပါဗောတံတားတွင်ရပ်တန့်ကာ အပန်းဖြေနေစဉ် အနီးရှိအရက်မူး
နေသူ သာကေတမြို့နယ်နေ သန်းဇော်ဦး၊(၂၁)နှစ်မှ ၎င်းယာဉ်ကို တက်ရောက်မောင်းနှင်းခဲ့သဖြင့် အရှိန်လွန်၍ မြစ်
အတွင်းသို့ ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
::
ထိုကဲ့သို့ မြစ်အတွင်းကျသွားခဲ့သဖြင့် ယာဉ်အနည်းငယ်ပျက်စီးပြီး သန်းဇော်ဦးတွင်ပွန်းပဲ့နာကျင် ဒဏ်ရာများရရှိ
ခဲ့သဖြင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရပါသည်။
::
ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် သန့်ဇော်ဦးအား ဆိပ်ကမ်းမြို့မရဲစခန်းယာဉ်(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉ ဖြင့်
အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မြ၀တီ ::--KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment