Pages

Pages - Menu

Monday, July 14, 2014

မြောက်ကိုရီးယားမှ ပဲ့ထိန်းစနစ်ပါဒုံးကျည် (၂)စင်း ပစ်လွှတ်

RangonNewsDaily:: July . 14 .2014
မြောက်ကိုရီးယားဟာ အရှေ့ဘက်ရေပြင်ထဲသို့ ပဲ့ထိန်းစနစ်ပါဒုံးကျည် (၂)စင်းကို ဒီကနေ့မှာ ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့တယ်လို့ သိရပါသည်။ ၄င်းဒုံးကျည်များကို မြောက်ကိုရီးယား အနောက်တောင်ဘက်ရှိ ခေဆောင်း
စက်မှုဇုံအနီးမှ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ဂျပန်နဲ့ ကိုရီးယားကျွန်းဆွယ်တို့ရဲ့ ရေပိုင်နက်မရောက်ခင် ကီလိုမီတာ (၅၀ဝ)ခန့်အကွာကို ကျရောက်ခဲ့ပါတယ်။
ယခုလို ဒုံးကျည်ပစ်လွှတ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်များကို ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်။

အာဘေးက ယခုဖြစ်ရပ်ဟာ ဂျပန်နဲ့ မြောက်ကိုရီးယားကြားရှိ လက်ရှိဆွေးနွေးပွဲများအပေါ်မှာ အကျိုးသက်ရောက်မှု မရှိကြောင်း ပြောကြားခဲ့ပါသည်။

 မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တာတိုပစ်ဒုံးကျည်များ ပစ်လွှတ်ပြီးနောက် ယခုဒုံးကျည်ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့
တာပဲ ဖြစ်ကြောင်း သိရှိရပါသည်။

KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment