Pages

Pages - Menu

Wednesday, July 30, 2014

၂၄ နာရီအတွင်း အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်မှု နှစ်မှုဖြစ်ပွား

RangonNewsDaily:: July . 30 .2014
စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ်၌ ၂၄ နာရီ အတွင်း အလို မတူဘဲ သားမယား အဖြစ် အဓမ္မ ပြုကျင့်မှု နှစ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း မြို့နယ် မိုင်းကိုင်း ကျေးရွာအုပ်စု နောင်မိုးကျေးရွာ အပိုင်း သပြေကုန်း ဦးပုံ လယ်တောတိုက် အနီးတွင် ထင်းခွေနေသည့် အမျိုးသမီး တစ်ဦးကို တုတ်ဖြင့် ရိုက်၍ လူငါးဦးက အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့် ခဲ့သည့် ပြစ်မှု ဖြစ်ပွားခဲ့၍ ဇူလိုင်၂၂ ရက် ည ၁ဝ နာရီ ၁၅ မိနစ်က မိုင်းကိုင်း နယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၂ ရက်က မ---သည် လယ်တောစောင့် နေစဉ် တဲအနီးရှိ တောထဲသို့ ဝင်၍ ထင်းခွေခဲ့ရာ သူမ ခုတ်ဖြတ် ထားသော အလျားအရှည် တစ်တောင်ခန့် အရွယ်ရှိ ထင်းချောင်းဖြင့် ၄င်း၏ ဦးခေါင်း နောက်စေ့ကို ရိုက်နှက်ခံ ရပြီး ထိုနေရာတွင် သတိမေ့မြော သွားခဲ့သည်။ သတိပြန်လည် ရရှိချိန်တွင် သူမကို အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့် ခံလိုက် ရကြောင်း သိလိုက် ရသည်။ 


ထိုသို့ မဖြစ်ပွားမီက သူမ တစ်ယောက်တည်း လယ်တောတဲ စောင့်နေစဉ် အမည်မသိ လူငါးဦးက တဲထဲသို့ လာရောက်ကာ လူတစ်ဦးက ရေတောင်းသောက် ခဲ့သည်။ ရေတောင်း သောက် ခဲ့သည့် သူများထဲမှ တစ်ဦးမှာ စစ်ကိုင်းတိုင်း ဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် တံငါ ကျေးရွာနေ ကိုအောင်နိုင်ဦး ဆိုသူ ဖြစ်ကြောင်း သူမ၏ လိုက်လံ စုံစမ်းချက်များ အရသိရ၍ အမှုစစ်ရဲ အရာရှိထံ ပြောပြကာ အမှုကို တိုင်တန်း ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မိုင်းကိုင်း နယ်မြေ ရဲစခန်းက ပြစ်မှုကြီး ဖြစ်စဉ်အမှတ် ၅/၂ဝ၁၄(ပ)၇၃/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၇၆/၃၂၅ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အလားတူ ဇူလိုင်၂၂ ရက်ညနေ ၄ နာရီ ၄၅ မိနစ်က ဟုမ္မလင်း မြို့မရဲစခန်း၌ လည်း အသက် (၁၃)နှစ် အရွယ် ခရီးသွား အမျိုးသမီးငယ် တစ်ဦးကို အသက်(၃ဝ) နှစ်အရွယ် ရေယာဉ်ဂိတ်မှူး ဖြစ်သူ အမျိုးသား တစ်ဦးက အလိုမတူဘဲ သားမယား အဖြစ် အဓမ္မ ပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ဟုမ္မလင်း မြို့နယ် ကတ်သာကျေးရွာ ဇကောဇကာ ရပ်ကွက်နေ မ-------သည် ခရီးသွားရန် အတွက် အမြန်ရေယာဉ် လက်မှတ်ကို လတ်မှတ် အရောင်းဌာနမှ ဝယ်ယူခဲ့သည်။ ရေယာဉ် ဂိတ်မှူးဖြစ်သူ ထိန်လင်းအောင် (ခ) သားကြီးက အမြန်ရေယာဉ် လက်မှတ်ဝယ်ပြီး အမြန်ရေယာဉ် ပေါ်၌ တည်းခို အိပ်မည်ဆိုလျှင် ဧည့်စာရင်း တိုင်ကြား ရမည် ဖြစ်ကြောင်း ပြော၍ ဆိုင်ကယ်ဖြင့် တင်ဆောင် ခေါ်သွားခဲ့ပြီး ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ်ကွက်ရှိ ခုတင် ၁ဝဝ ဆေးရုံ၏ တောင်ဘက် လမ်းကြား နေရာသို့ ရောက်သော အခါ မ---ကို ပါးစပ်ပိတ်၍ လက်များ ချုပ်နှောင်ကာ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မ ပြုကျင့်ရန် ကြံစည်ရာ ခရီးသွား အမျိုးသမီးငယ်က ထိုသူလက်မှ ရုန်းကန်ပြီး နောက် အနီးဝန်းကျင်ရှိ နေအိမ် တစ်အိမ်ထဲသို့ ဝင်ရောက် အကူအညီ တောင်းခံ ခဲ့ရကြောင်း အမှုစစ် ရဲအရာရှိထံ ပြောပြခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဟုမ္မလင်း မြို့မရဲစခန်း က (ပ)၁ဝ၈/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ အရ မှုခင်း မှတ်တမ်းများ ရေးသွင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

PyiChitThar , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment