Pages

Pages - Menu

Tuesday, July 15, 2014

အင်းစိန်မြို့နယ်တွင်ခရီးသည် တင်ယာဉ်တိုက်မိ သောကြောင့် လမ်းဖြတ်ကူးသူ တစ်ဦး သေဆုံး

RangonNewsDaily:: July . 15 .2014
အင်းစိန်မြို့နယ်တွင် ဇူလိုင်လ (၁၄) ရက်နေ့ ခရီးသည် တင်ယာဉ်လိုင်းမှ လမ်းဖြတ်ကူးသူအား ၀င်တိုက်မိရာ ဆေးရုံသို့ ပို့စဉ် သေဆုံးသွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲကမှ သိရသည်။
အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော 5E---------RG ယာဉ်လိုင်း အမှတ်(၂၂၆)ခရီးသည် တင်ယာဉ် သည် ပိတောက်လမ်းမှတ်တိုင် အနီးအရောက် လမ်းဖြတ်ကူးသူ ကိုအောင်မြတ်အား တိုက်မိခဲ့ရာ ယာဉ်တိုက်မှုကြောင့် ကိုအောင်မြတ်မှာ ဦးခေါင်းနောက် စေ့ဖူးရောင်၊ ၀ဲမျက်စိ ဖူးရောင်ဒဏ်ရာများ ရရှိကာ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒါမျိုးတွေက မဖြစ်သင့်ဘူး။ ယာဉ်မောင်းတွေအနေနဲ့ သတိတရားလေး ထားပြီး မောင်းနှင်သင့်တယ်။ အခုလိုမျိုး မမျှော်မှန်းနိုင်တဲ့ အန္တရာယ်တွေ့ရှိ နိုင်တယ်လေ။ လမ်းအသုံးပြုသူတွေ ကလည်း ယာဉ်နဲ့ပတ်သက်ပြီး ရှောင်တာတိမ်းတာ သတိထားသင့်တယ်။ တချို့တွေရှိတယ်၊ ကားလာရင် မသိသလို နေတာမျိုးတွေ၊ ဒါတွေက အရမ်း အန္တရာယ်များတယ်။ မိုးတွင်းဆိုတော့ ထီးနဲ့ကာပြီး ကားလမ်းကူးတာမျိုးလည်း မပြုလုပ်ဖို့ ပြောချင်ပါတယ် ဟု မ.ထ.သ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က အကြံပြုပြောကြားသည်။

လမ်းအသုံးပြုသူများ အနေဖြင့်လည်း ထုတ်ပြန်ထားသည့် ““ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်””ဟူသည့် ဆောင်ပုဒ်အတိုင်း လိုက်နာ ဆောင်ရွက်သင့်ကြောင်း ဦးလှအောင် ကဆက်ပြောသည်။ 


ယင်းကဲ့သို့ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း တင်ထွန်းအောင်အား အင်းစိန် မြို့မ ရဲစခန်းမှ ယာဉ်(ပ)၈၂/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Messenger News  , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment