RangonNewsDaily:: July . 18 .2014
မြန်မာ့သစ်လုပ်ငန်းမှ အင်ဂျင်နီယာတစ်ဦးသည် လမ်းဖြတ်ကူးစဉ် ကွန်တိန်နာ
ယာဉ်အကြိတ်ခံရသဖြင့် သေဆုံးသွားကြောင်းသတင်းရရှိသည် ။
ကမာရွတ်မြို့နယ်၊ ကမ်းနား လမ်းအတိုင်း မောင်းလာသော ကွန်တိန်နာယာဉ်တစ်စီး
သည် ဇူ လိုင် ၁၅ရက် ညနေက ဘုရင့် နောင်လမ်းနှင့်လှည်းတန်းလမ်း ဆုံ မီးပွိင့်အနီး
တွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦးကိုတိုက်မိခဲ့ခြင်းဖြစ်သည်။
ကွန်တိန်နာယာဉ်၏ နောက် ဘီးဖြင့် ရင်ဘတ်ကိုကြိတ်မိခဲ့ပြီး ယာဉ်မောင်းမှာအခင်းဖြစ်ပွားရာ နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ ယာဉ်တိုက်ခံရသူမှာ ရင်ဘတ်ပွင့် ထွက်သည့် ဒဏ်ရာများရရှိကာအ ဆိုပါနေရာတွင် သေဆုံးသွားခဲ့ သည်။
::
‘‘သူက မြန်မာ့သစ်လုပ်ငန်း က အင်ဂျင်နီယာတစ်ဦးပါ။ ကြည့်မြင်တိုင်မှာနေတာ။ သူ့ကား ကို ဆင်မလိုက်ဈေးနားမှာ ရပ် ထားခဲ့ပြီး ထမင်းကြော်ဆိုင်ဘက် ကို လမ်းဖြတ်ကူးတော့ လမ်း လယ်တုံးအကျော်လေးမှာ ရှေ့ က ကားလေးတစ်စီးကပွတ်တိုက် သွားပြီး ချော်အလဲမှာ ကွန်တိန်နာ နောက်ဘီးနှစ်ဘီးနဲ့ကြိတ်မိတာ’’ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
ယာဉ်တိုက်မှုကြောင့်သေ ဆုံးသူသည် အသက်(၅၉)နှစ်အ ရွယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ အ ထွေထွေမန်နေဂျာအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး ကြည့်မြင်တိုင်မြို့ နယ်၊ မြန်မာ့သစ်လုပ်ငန်းအရာရှိ ရိပ်သာတွင် နေထိုင်သူဖြစ် ကြောင်း စုံစမ်းသိရှိရသည်။
::
ဇူလိုင် ၁၆ရက်ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊မြန်မာ့သစ် လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် ၀န်ထမ်းများ ကလည်းအထူးဝမ်းနည်းကြေကွဲ ကြောင်းထည့်သွင်းထားသည်။
ထွက်ပြေးသွားသည့် ယာဉ် မောင်းကို ကမာရွတ်မြို့မရဲစခန်း က အမှုဖွင့်ကာ ဖမ်းမိရေးစုံစမ်း ဆောင်ရွက်နေကြောင်း ကမာ ရွတ်နယ်မြေမှ တာဝန်ကျယာဉ် ထိန်းရဲတစ်ဦးကပြောသည်။
7 Day ::--KOLATT(PBDN)
RangonNewsDaily
မြန်မာ့သစ်လုပ်ငန်းမှ အင်ဂျင်နီယာတစ်ဦးသည် လမ်းဖြတ်ကူးစဉ် ကွန်တိန်နာ
ယာဉ်အကြိတ်ခံရသဖြင့် သေဆုံးသွားကြောင်းသတင်းရရှိသည်
ကမာရွတ်မြို့နယ်၊ ကမ်းနား လမ်းအတိုင်း မောင်းလာသော ကွန်တိန်နာယာဉ်တစ်စီး
သည် ဇူ လိုင် ၁၅ရက် ညနေက ဘုရင့် နောင်လမ်းနှင့်လှည်းတန်းလမ်း ဆုံ မီးပွိင့်အနီး
တွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦးကိ
ကွန်တိန်နာယာဉ်၏ နောက် ဘီးဖြင့် ရင်ဘတ်ကိုကြိတ်မိခဲ့ပြီး ယာဉ်မောင်းမှာအခင်းဖြစ်ပွားရာ နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်
::
‘‘သူက မြန်မာ့သစ်လုပ်ငန်း က အင်ဂျင်နီယာတစ်ဦးပါ။ ကြည့်မြင်တိုင်မှာနေတာ။ သူ့ကား ကို ဆင်မလိုက်ဈေးနားမှာ ရပ် ထားခဲ့ပြီး ထမင်းကြော်ဆိုင်ဘက် ကို လမ်းဖြတ်ကူးတော့ လမ်း လယ်တုံးအကျော်လေးမှာ ရှေ့ က ကားလေးတစ်စီးကပွတ်တိုက် သွားပြီး ချော်အလဲမှာ ကွန်တိန်နာ နောက်ဘီးနှစ်ဘီးနဲ့ကြိတ်မိတာ’’ဟ
ယာဉ်တိုက်မှုကြောင့်သေ ဆုံးသူသည် အသက်(၅၉)နှစ်အ ရွယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ အ ထွေထွေမန်နေဂျာအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး ကြည့်မြင်တိုင်မြို့ နယ်၊ မြန်မာ့သစ်လုပ်ငန်းအရာရှိ ရိပ်သာတွင် နေထိုင်သူဖြစ် ကြောင်း စုံစမ်းသိရှိရသည်။
::
ဇူလိုင် ၁၆ရက်ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ပြည်ထောင
ထွက်ပြေးသွားသည့် ယာဉ် မောင်းကို ကမာရွတ်မြို့မရဲစခန်း က အမှုဖွင့်ကာ ဖမ်းမိရေးစုံစမ်း ဆောင်ရွက်နေကြောင်း ကမာ ရွတ်နယ်မြေမှ တာဝန်ကျယာဉ် ထိန်းရဲတစ်ဦးကပြောသည်။
7 Day ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment