Pages

Pages - Menu

Friday, July 11, 2014

နိုင်ငံတော်သမ္မတ နှင့် ဂီတ၊ ရုပ်ရှင်၊ သဘင် ဇူလိုင် ၁၂ တွင် ပထမဆုံးတွေ့မည်

RangonNewsDaily:: July . 11 .2014
ဂီတ၊ ရုပ်ရှင်၊ သဘင် အနုပညာ အဖွဲ့အစည်းသုံးခုကို နိုင်ငံတော် သမ္မတ က ပထမဆုံး အကြိမ် ဇူလိုင် ၁၂ ရက် တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ထိုတွေ့ဆုံမှု အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း များက မိမိတို့၏ လောက နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေး တင်ပြခွင့်၊ အပြန်အလှန် ဆွေးနွေးခွင့်ကို စိတ်ဝင်စားကာ ပြင်ဆင်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ သွားရောက်မည့် ဒါ ရိုက်တာဝိုင်း က အချက်နှစ်ချက်ဖြင့် ဆွေးနွေးချင်သည်ဟု ပြောပြခဲ့သည်။
”ပထမဆုံးက ကျွန်တော် တို့ကို ပြောခွင့်ပေးမှာလား၊ ဒါမှမဟုတ် ကျွန် တော်တို့ကို ပေးနားထောင် မှာလားဆိုတာ အရေးကြီးတယ်။ ပြောခွင့် ရမှသာ ကျွန်တော် တို့ ပြောချင်တာ ပြောလို့ရမှာ၊ သူပြောတာကိုပဲ နားထောင်ရမယ် ဆိုရင် တော့ သိပ်ပြီး ထူးခြားတဲ့ တွေ့ဆုံပွဲဖြစ် မှာ မဟုတ်ဘူး။

(၁)အချက် က ရုပ်ရှင် လောကအတွက် အရေးကြီး တဲ့ ရုပ်ရှင်ရုံ ကိစ္စကို ပထမ အဓိကထား ပြောမယ်။ ဒုတိယက ရုပ်ရှင် ဥပဒေနဲ့ ပတ်သက်ပြီး အသံလွှင့် ဆိုင်ရာ ဥပဒေနှစ်ခု ခွဲခြားမှုနဲ့ ပတ်သက် ပြီးပြောမယ်” ဟု ဒါရိုက်တာ ဝိုင်းက ပြောသည်။

အဆိုပါ တွေ့ဆုံမှုကို ဇူလိုင် ၁၂ရက် နေ့တွင် သတ်မှတ်ပြီး နေရာကိုတော့ ယခုထိ မသိရသေးကြောင်း ဒါရိုက်တာ ဝိုင်းထံမှ သိရသည်။


တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ဒါရိုက်တာ မိုက်တီးက ”တွေ့ရင် ကျွန်တော် တို့ ပြောခွင့် ရချင်မှရမှာပါ။ အရင်တုန်းက လည်း သူတို့ပြောချင် ရာပြောပြီး ဒီတိုင်း ပြန်လာ ရတာပဲ။ သူတို့က ပြောကြပါဆို ရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းမှ တာဝန်ရှိတဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ပြန်ကြားရေးမှူး ကပဲ ပြောကြမှာလေ။ ပြော ချင် တာ ပြော ကြပါ ခင်ဗျား ဆိုတာက တော့ ဘယ်သူမှ မလုပ်လောက်ပါဘူး။ ပြောခွင့်ရရင် ကိုယ့်လောက အတွက် ပြောမှာပေါ့” ဟု ပြောသည်။


ဆက်ပြီး ဒါရိုက်တာဝိုင်းက ”ပထမဆုံး အကြိမ် ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ ရှင်တွေနဲ့ သမ္မတကြီး တွေ့ဆုံမှုဟာ ယခု ဒီမိုကရေစီ လမ်းစဉ် ဖြစ်နေတဲ့ အတွက် အပြန် အလှန်ဆွေးနွေး မှုများရှိရင် ပွင့်လင်း မြင်သာမှု ရှိတယ်လို့ မြင်တယ်” ဟု ၄င်းက ဆက်ပြောသည်။


Popular Journal , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment