Pages

Pages - Menu

Wednesday, July 9, 2014

သီယာဂိုဆေးလ်ဗား၏ အ၀ါကတ်အယူခံကို ဖီဖာ ပယ်ချခဲ့


RangonNewsDaily:: July . 9 .2014
နေမာကို ဒဏ်ရာရစေခဲသည့် ဇူနီဂါ ပြစ်ဒဏ်မချမှတ်ခံခဲ့ရ
ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်မှ အယူခံဝင်ထားသည့် အသင်းခေါင်းဆောင်သီယာဂိုဆေးလ်ဗား၏ အ၀ါကတ်အယူခံအား ပယ်ချလိုက်ကြောင်း သိရသည်။
သီယာဂိုဆေးလ်ဗားသည် ကိုလံဘီယာအသင်းကို အနိုင်ရခဲ့သည့် ကွာတားပွဲစဉ်၌ အ၀ါ ကတ်ပြသခံခဲ့ရပြီး တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသဖြင့် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အယူခံဝင်ခဲ့ခြင်းဖြစ်သည်။

အယူခံပယ်ချခံရ၍ ယနေ့ညတွင် ယှဉ်ပြိုင်မည့် ဂျာမနီအသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို သီယာဂိုဆေးလ်ဗား လွဲချော်ရတော့မည်ဖြစ်သည်။

ထို့ပြင် စည်းကမ်းထိန်းသိမ်းရေးကော်မတီ သည် နေမာအား နောက်ကျော ဒဏ်ရာရရှိသည်အထိ ကစားပုံကြမ်းတမ်းခဲ့သည့် ကိုလံဘီယာအသင်းနောက်ခံလူ ဇူနီဂါအားလည်း ပြစ်ဒဏ်မှ ကင်းလွတ်ပေးခဲ့ကြောင်း သိရသည်။ 


ဖီဖာ၏ ထုတ်ပြန်ချက်အရ နောက်ကျောဒဏ်ရာကြောင့် နေမာ ကမ္ဘာ့ဖလားတွင် ဆက်လက်ပါဝင်ခွင့်မရ၍ စိတ်မကောင်းဖြစ်မိသော်လည်း ပြန်လည်စစ်ဆေးမှုများအရ ဇူနီဂါသည် နေမာကို ဖျက်ထုတ်ရာတွင် ထိခိုက်စေလိုသည့် ရည်ရွယ်ချက်မပါကြောင်း တွေ့ရှိရသည့်အတွက် ပြစ်ဒဏ်မချမှတ်ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

ကိုလံဘီယာအသင်းနှင့်ပွဲတွင် အ၀ါကတ်ပြခံခဲ့ရသည့် သီယာဂိုဆေးလ်ဗား(Photo-AFP)

Eleven Media , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment