Pages

Pages - Menu

Friday, July 11, 2014

ပဋိပက္ခထပ်မံမဖြစ်ပွားရန် ကာကွယ်မည်ဖြစ်သကဲ့သို့ ပါဝင်သူများကို ပြစ်ဒဏ်ချမည်ဟု မန်းဝန်ကြီးချုပ်ဆို

RangonNewsDaily:: July . 11 .2014
မန္တလးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ပြီးနောက် တိုင်းအတွင်း၌ တရားဥပဒေ
စိုးမိုးရေးလုပ်ငန်းများကို ရှေ့ဆက်ပြီး ပိုမိုပီပြင်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်က ယနေ့ကျင်းပသည့် ပထမအကြိမ် မန္တလေးတိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် ပြောကြားသည်။

ဇူလိုင်လဆန်းပိုင်းက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်လှုံဆော်မှုများ ပြုလုပ်ခဲ့သူများကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွား
မည်ဖြစ်ပြီး၊ အဆိုပါဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သည့် တရားခံနှစ်ဦးနှင့် လူသတ်
တရားခံတို့ကို ဖမ်းဆီးဖော်ထုတ်သွားမည်ဖြစ်သည်ဟု ၀န်ကြီးချုပ်က ကတိပြုပြော
ဆိုသည်။

“လက်ရှိမှာတော့ အခြေအနေတစ်ရပ်ကို ထိန်းထားနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီအခြေအနေ
ကနေ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့နဲ့ နောက်ထပ် ထပ်မံမဖြစ်ပွားဖို့အတွက် ကာကွယ်တား
ဆီးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တဲ့သူတွေကိုလည်း ထိရောက်တဲ့ ပြစ်ဒဏ်တွေကို မှန်ကန်စွာ ချမှတ်သွားမှာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရန်၊ တိုင်းအတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်း
များ ရှေ့ဆက်ပိုမို ပီပြင်လာရန်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း အမြန်ဆုံး စုံစမ်းဖော်
ထုတ်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ၎င်းဖြစ်စဉ်ကို အခြေခံ၍ သီးခြား
လုံခြုံရေးဆိုင်ရာ အစုအဖွဲ့များနှင့် သတင်းပေးခြင်းစနစ်ကိုလည်း ကျင့်သုံးသွားမည်
ဟုဆိုသည်။

လူတစ်စု (သို့) အဖွဲ့အစည်းတစ်ခုက အကြမ်းဖက်မှုအသွင်ဆောင်သည့် လက္ခဏာများ
ကို ပြုလုပ်ခဲ့သည်ကို မန္တလေးဖြစ်စဉ်၌ လေ့လာတွေ့ရှိရပြီး ၎င်းတို့ကိုလည်း ဥပဒေအရ အရေးယူဖမ်းဆီးသွားမည်ဖြစ်သည်ဟု ဆိုသည်။

ဇူလိုင် ၁ ရက်မှ စတင်၍ မန္တလေးမြို့တွင် လူမျိုးရေးပဋိပက္ခဖြစ်ပွားခဲ့ပြီး၊ ၎င်းပဋိပက္ခကြောင့် သေဆုံးသူနှစ်ဦး၊ ဒဏ်ရာရသူ ၂၂ ဦးနှင့် ပဋိပက္ခဖြစ်စဉ်ပေါင်း ၁၄ ကြိမ်ခန့် ဖြစ်ပွားခဲ့ရာ လက်ရှိတွင် ၎င်းကိစ္စနှင့်ပတ်သက်သည်ဟု ယူဆရသူ ၁၈ ဦးကိုလည်း တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Mizzima - News ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment