Pages

Pages - Menu

Thursday, July 10, 2014

ကံဦးကျောင်းတိုက်ဆရာတော်ကို သံဃနာယက နှင်ထုတ်သဖြင့် ဒေသခံပြည်သူများဆန္ဒပြမည်

RangonNewsDaily:: July . 10 .2014
ဒလမြို့ ကံဦးကျောင်း တိုက်ဆရာတော်ကို ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ကျောင်းမှနှင်ထုတ်မှုကြောင့် ရပ်ကွက်နေ ပြည်သူ ၂၀၀ ခန့်က ဆရာတော် ထွက်မသွားရန် ကျောင်းကို ပိတ်ဆို့ထားပြီး ဇူလိုင် ၉ ရက်တွင် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ဒလမြို့ ပြည် သူများက တိုင်းသံဃနာယက အဖွဲ့ကို ကန့်ကွက်ဆန္ဒပြသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဒလမြို့၊ ဆာပါချောင်းစု ရပ်ကွက် ကံဦးကျောင်း ဆရာ တော်ဦးကုသလကို ကျောင်းပြု ပြင်တည်ဆောက်မှုနှင့် ပတ်သက် ပြီး တိုင်းသံဃနာယက အဖွဲ့က ကျောင်းတိုက်မှ ဇူလိုင် ၆ ရက်တွင် နောက်ဆုံးထွက်သွားပေးရန် ဇူလိုင် ၃ ရက်က အမိန့်ချခဲ့သည်။

ဇူလိုင် ၆ ရက်တွင် ဒလမြို့ ရှိ ရာနှင့်ချီသောပြည်သူများက ဆရာတော် ထွက်မသွားရန်ကျောင်းတိုက်ကို ပိတ်ဆို့တားဆီးခဲ့သောကြောင့် ရဲတပ်ဖွဲ့က လုံခြုံရေးယူထားခဲ့ရသည်။ နောက်ရက်များတွင်လည်း ပြည် သူ ၂၀၀ ခန့်က ဆရာတော် ထွက်မသွားရန် ကျောင်းတိုက် ကို တားဆီးပိတ်ဆို့မှုများ ဆက် လက်လုပ်ပြုလုပ်နေခြင်း ဖြစ် သည်။

‘‘ဦးပဉ္စင်းက ထွက်သွားပေး ပါမယ်လို့ မဟနကို ကတိပေးခဲ့ ပြီးသားပါ။ ဒါပေမဲ့ မြို့ပြည်သူ တွေက ဘယ်လိုမှ ထွက်မသွား ခိုင်းဘူး။ ဦးပဉ္စင်း အောက်ကိုဆင်း လို့မရဘဲဖြစ်နေတယ်။ ဦးပဉ္စင်းက ထွက်မသွားချင်လို့ အကာအ ကွယ်ယူထားတာ မဟုတ်ပါဘူး ဆိုတာ ပြောချင်ပါတယ်’’ဟု ကံ ဦးကျောင်းတိုက်ဆရာတော် ဦးကုသလကမိန့်သည်။

ဆရာတော်အား ကျောင်း တိုက်မှ ဖယ်ရှားခြင်းကြောင့် ဒလမြို့ ပြည်သူများသည် တိုင်းသံဃနာယကအဖွဲ့ကို ဇူလိုင် ၉ ရက်တွင် ဒလမြို့၌ ကန့်ကွက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆရာတော်ဦးကုသလ၏ ဒကာဖြစ်သူ ကိုကျော်ကျော်ခိုင်က ပြောကြားသည်။

‘‘ခွင်ြ့ပုစာလည်း ကျပြီးပါပြီ။ လူဦးရေသုံးရာပဲရတယ်။ ဒါပေမဲ့ ပါဝင်မယ့်သူတွေက အရမ်း များနေလို့ တိုင်ပင်နေကြပါတယ်။ မနက်ဖြန်ဆန္ဒပြသွားမှာပါ’’ ဟု ၎င်းက ပြောကြားသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment