Pages

Pages - Menu

Wednesday, July 9, 2014

မြန်မာနိုင်ငံမြေပုံကို ခန္ဓာကိုယ်အောက်ပိုင်းတွင် တက်တူးထိုးပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်


RangonNewsDaily:: July . 9 .2014
မြန်မာနိုင်ငံမြေပုံ အမှတ်အသားသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသည့် အမှတ်အသားတစ်ခုဖြစ်၍ အဆိုပါ အမှတ်အသားကို ခန္ဓာကိုယ်အောက်ပိုင်းတွင် တက်တူးထိုးလျှင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေဖြင့် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း တိုင်းဒေသကြီး ဥပဒေချုပ်ရုံး တိုင်းဒေသကြီးဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။
ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့တွင် ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က မြန်မာနိုင်ငံမြေပုံ အမှတ်အသားကို ဂုဏ်ကျက်သရေ ပျက်ပြားစေမည့် တက်တူး(ဆေးမှင်ကြောင်) ထိုးခြင်းကို ကာကွယ်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်မည်နှင့် ဥပဒေပြုရန် လိုအပ်ပါက ဥပဒေပြုနိုင်သည့် အဖွဲ့အစည်းသို့ ဆက်သွယ်ဆောင်ရွက်ေ ပးနိုင်ရေး နှင့်စပ်လျဉ်းသည့် မေးခွန်းကို ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၃) ပုဒ်မ ၄၃၇၊ ၄၃၈တို့တွင် နိုင်ငံတော်အလံ နှင့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်တို့ကို ဖော်ပြထားပြီး ၎င်းတို့နှင့် စပ်လျဉ်း၍ ဥပဒေပြဌာန်းရမည်ဟုသာ
ပါရှိသည်။ 

ဓာတ်ပုံ- ဟောင်ဆာ၊ ရာမည
Mizzima - News , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment