Pages

Pages - Menu

Wednesday, July 30, 2014

စည်းကမ်းဖောက်သည်ဆိုကာ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးကို ကျောင်းထုတ်ပယ်

RangonNewsDaily:: July . 30 .2014
နည်းပညာတက္ကသိုလ်(မန္တလေး)တွင် ကျောင်းစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ အဆင့်ဆင့်ခေါ်ယူ သတိပေးမှုများ မလုပ်ဘဲ ကျောင်းသူကျောင်းသား ၁၁ ဦးကို ဆရာ၊ ဆရာမများ၏ ဆိုဆုံးမမှုကို မနာခံခြင်း

၊ ကျောင်းကန်တင်းတွင် ဖဲဝိုင်းလောင်းကစားမှုပြုလုပ်ခြင်းစသည့် ကျောင်းစည်းကမ်းဖောက်ဖျက်သည့်ပြစ်မှု ကို ကျူးလွန်ခဲ့သည်ဟုဆိုကာ ၂၀၁၃-၁၄ ခုနှစ် လက်ရှိစာသင်နှစ်တစ်နှစ်ကျအဖြစ် ဒုတိယပါမောက္ခချုပ် လက်မှတ်ဖြင့် ဇူလိုင် ၁၈ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
နစ်နာသူများက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအပါအ၀င် သက်ဆိုင်ရာအစိုးရအဖွဲ့ကို အသနားခံစာနှင့် တိုင်ကြားစာများ ပေးပို့ထားသည်ဟု ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများက ဇူလိုင်၂၈ရက်တွင် မဇ္ဈိမ
ကို ပြောသည်။

“ကျွန်တော်တို့ ဖဲကစားမိတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်နှစ်ကျပြစ်ဒဏ်ကြီးက များတယ်ဗျာ။ အခု

အသနားခံစာ တင်ထားတယ်။ စာမေးပွဲပြန်ဖြေရရင်ကို ကျေနပ်ပါတယ်”ဟု တစ်နှစ်ကျပြစ်ဒဏ်ပေးခံရသူ ကိုညီဝင်းဖေက ပြောသည်။

ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ကထိကဦးသုတက ကျောင်းသူကျောင်းသားများ စာမေးပွဲမဖြေ

ရသေးဘဲ တစ်နှစ်ကျသတ်မှတ် ပြစ်ဒဏ်ပေးခြင်းသည် မည်သည့်ကျောင်းမျှမရှိကြောင်းနှင့် ပထမအဆင့်
အဖြစ် ခေါ်ယူသတိပေးခြင်း၊ ဒုတိယအဆင့်အဖြစ် ပြင်းပြင်းထန်ထန်ခေါ်ယူ သတိပေးခြင်းတို့ဖြင့် မရမှသာ
လျှင် ပြစ်ဒဏ်ပေးသင့်သည်ဟု သုံးသပ်သည်။

အဆိုပါကျောင်းသူ၊ ကျောင်းသားများကို အရေးယူမှုနှင့်ပတ်သက်၍ နည်းပညာ တက္ကသိုလ်ဒုတိယပါမော

က္ခချုပ်ကို မဇ္ဈိမ က တွေ့ဆုံမေးမြန်းရာ “ဖဲကစားတာကနေ ဆေးသမားဖြစ်လာနိုင်တယ်။ လမ်းလွဲသွားမှာ စိုးရိမ်တယ်။ ဒါကြောင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ လှည့်ပြီး စစ်ဆေးတာတွေလုပ်နေတယ်။ 

အသံကြားရင်ကို လိုက်ဖမ်းပါတယ်။ ကျောင်းမှာက ကျောင်းသား ၅,၀၀၀ ကျော်ရှိတယ်။ သူတို့ကိုလည်း သတိပေးတာတွေ အမြဲလုပ်တယ်။ စံနမူနာအဖြစ် အရေးယူပေးရတာပါ”ဟု ဒုတိယပါမောက္ခချုပ် ဦးတင်လေးမောင်က ပြောကြားသည်။

အသေးစိတ်အချက်အလက်များနှင့် မေးမြန်းလိုသည့်မေးခွန်းများကို စာရေးသားပေးထားခဲ့ရန်နှင့် တစ်ပတ် အတွင်း ပြန်လည်ဖြေကြားမည်ဟုဆိုသည်။

mizzima , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment