Pages

Pages - Menu

Sunday, July 20, 2014

အာဇာနည်များ လုပ်ကြံခံရသည့် ဝန်ကြီးများရုံးသို့ ပထမဆုံးအကြိမ် ပြည်သူ လေ့လာ ခွင့်ရ


RangonNewsDaily:: July . 19 .2014
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကြီး ၉ ဦး လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံး(ယခင်အတွင်းဝန်များရုံး)သို့ ၆၇နှစ်မြောက် အာဇာနည်နေ့ ဇူလိုင်လ ၁၉ရက်တွင် ပထမဆုံးအကြိမ်အဖြစ် အများပြည်သူ ဝင်ရောက်လေ့လာခွင့်ပြုခဲ့သည်။
ဝန်ကြီးများရုံးတွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဦးရွှေသာက“ ဒါပထမဆုံး အကြိမ်ပါ။ ပြည်သူတွေကို ဝင်ခွင့်ပြုတာက။ သူတို့နဲ့အတူ ကျွန်တော်လည်း ပျော်ရွင်ရပါတယ်။ ဝင်ရောက် လေ့လာတဲ့ ပြည်သူတွေထက်တောင် ပျော်ရွင်ရပါတယ်။ ပြည်သူလူထုကို မြင်ရလေ့မရှိတဲ့ နေရာမှာ ပြုံးပျော်နေတဲ့ ပြည်သူတွေကို မြင်ရတယ် ဆိုတော့လေ”ဟု မဇ္ဈိမကို ပြောသည်။

ဝန်ကြီးများရုံးအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံခဲ့ရသည့် အခန်းကို ဘုရားခန်းအဖြစ် ပြုပြင်ထားသည်။
::
“ဗိုလ်ချုပ် လုပ်ကြံခံခဲ့ရတဲ့ အခန်းကို အခု ဘုရားခန်း လုပ်ထားပေမယ့် နောက်ပိုင်းကျရင် အဲ့ဒီတုန်းက လုပ်ကြံခံခဲ့ရတုန်းပုံ အတိုင်း ပြန်ပြီးတော့ ပြင်ဆင်ထားမှာပါ”ဟု ဝန်ကြီးများရုံး၏ အမည်မဖော်လိုသူ အရာရှိတစ်ဦးကလည်း မဇ္ဈိမကို ပြောသည်။

ဝင်ရောက်လေ့လာခဲ့သူ ပြည်သူတစ်ဦးက “ဝင်ခွင့်ရတာကို ဝမ်းသာတယ်။ အထဲရောက်တော့ ဝမ်းနည်းရတယ်။ နောက်နှစ်တွေမှာလည်း လုံးခြုံရေးနိုင်မယ်ဆိုရင် အမြဲတမ်း ဖွင့်ထားစေချင်တယ်။ ဒီဟာက လူငယ်တွေအတွက် အားမာန်တစ်ခုလည်းဖြစ်စေတယ်။ အမြဲမဟုတ်ရင်တောင် အချိန်အကန့်အသတ်နဲ့တော့ ဖွင့်ထားပေးစေချင်တယ်”ဟု ပြောသည်။
::
ဝင်ရောက်ခွင့်လေ့လာခွင့်ရရှိသူ မသဇင်က “ခုလိုဝင်ခွင့်ပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ် ရဲ့ အမှတ်တရ နေရာတွေကို ကြည့်ရှုခွင့်ရတော့ ဝမ်းနည်း၊ ဝမ်းသာဖြစ်ရတယ်။ မျက်လုံးထဲမှာလည်း အရင်တုန်းကအဖြစ်အပျက်တွေ မြင်နေရသလိုပဲ ခံစားရတယ်။”ဟုပြောသည်။

ယင်းကဲ့သို့ ဝန်ကြီးများရုံး ဝင်ရောက်လေ့လာခွင့်ပြုခြင်းကို ပြည်သူလူထုအား ကြိုတင်အသိပေးသင့်သည်ဟု လည်း ဝင်ရောက်လေ့လာခွင့်ရရှိသူ ပြည်သူများက ဆက်လက် ပြောကြားသည်။
::
ဝင်ရောက်လေ့လာခွင့်ရရှိခဲ့သည် ကိုမင်းထွန်းက “ ခုက ဝင်ခွင့်ရတယ်ကြားလို့ လာတယ်။ ဝင်ခွင့်မရဘူးပါ့နော်။ ကျွန်တော်တို့က တောင်းဆိုတော့မှ ၁၂နာရီ မိနစ် ၂ဝ အထိ ခွင့်ပြုခဲ့တာပါ။ ကြိုတင်အသိပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီလို ဝင်ရောက်လေ့လာခွင့် ပြုထားတာကို အခုကြတော့ မသိလို့ မလာလိုက်ရတဲ့သူတွေ အတွက် စိတ်မကောင်းပါဘူး”ဟု ပြောသည်။

ဝန်ကြီးများရုံးအတွင်းသို့ နံနက် ၈နာရီခွဲမှ စတင်ကာ ပြည်သူကို ဝင်ရောက်လေ့လာခွင့် ပေးခဲ့ပြီး နေ့လည် ၁၂ နာရီ ၂ဝခန့်တွင် ဝင်ခွင့်မပေးတော့၍ ထပ်မံဝင်ခွင့်ရရန် ပြည်သူများက တောင်းဆို စောင့်ဆိုင်းနေသော နေ့လည်ပိုင်းတွင် ထပ်မံ ခွင့်ပြုခဲ့သည်။
::
ဝန်ကြီးများရုံး(ယခင် အတွင်းဝန်ရုံး)တွင် အာဇာနည် ၉ ဦးကို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဂဠုန်ဦးစောနှင့် အပေါင်းအပါများက သေနတ်ဖြင့် ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့သည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment