Pages

Pages - Menu

Friday, July 11, 2014

ပီနန်း ဘာတာဝပ်တွင် မြန်မာနိုင်ငံသားတဦး အသတ်ခံထားရတဲ့ အလောင်း တွေ့ရှိ


RangonNewsDaily:: July . 11 .2014
ဘာတာဝပ် Perai တွင် မြန်မာ နိုင်ငံသား တဦး အသတ်ခံရတဲ့ အလောင်း တွေ့ရှိခဲ့ပြီ သေဆုံးသူ၏ နေထိုင် ရာ နေအိမ် အနောက်ဘက်တွင် အသတ်ခံ ရသည်ဟု ဇူလိုင် ၈ ရက်နေ့က ဘားနားမား သတင်းစာ မျက်နှာတွင် ရေးသား ဖော်ပြထားသည်။
အသတ်ခံရသူ အောင်ခင်မှာ အသက် ၄၆ နှစ်အရွယ်ရှိပြီ သူရဲ့ နောက်ကျောတွင် ချွန်းထက်အရာ တခုနဲ့ ထိုးနှက်ခံရပြီ ညာဘက်လက်တွင် လက်ကောက်ဝတ်အထိ ခုတ်ထစ် ခံထားရသည်။

အဆိုပါ နေရပ်တွင် နေထိုင်သူများက ဇူလိုင် ၈ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်တွင် Jalan Baru ရှိ အလောင်းကို တွေ့ရှိခဲ့ကြပြီနောက် နယ်မြေခံ ရဲတပ်ဖွဲ့ကို အကြောင်းကြား အသိပေးခဲ့ကြသည်။

နယ်မြေခံ ရဲတပ်ဖွဲ့ ရောက်ရှိလာပြီ သေဆုံးနေတဲ့နေရာတ၀ိုက်တွင် စစ်ဆေးမှုပြုလုပ်ခဲ့ပြီနောက် သွေးစွန်းကျန်ရစ်နေတဲ့ ဓားရှည်တစ်ချောင်း၊ ဓားမြှောင်နှစ်လက်၊ ချွန်ထက်တဲ့လက်နက်တခုနှင့် မိုဘိုင်း ဖုန်း ၂ လုံးတို့ကို အသတ်ခံရသူ၏အလောင်းနှင့် မနီး မဝေးနေရာတွင် တွေ့ရှိခဲ့တာဖြစ်သည်။


Seberang Perai Tengah နယ်မြေခံ အရာရှိ ACP Rusli Mohd Noorက ပြန်ပြောဆိုရာတွင် စစ်ဆေး မှု တွေ့ရှိချက်အရ အောင်ခင် မသေဆုံးခင် ၁၀ မီတာအထိ ဒရွတ်တိုက် အဆွဲခံထားရကြောင်း အရာရှိက ပြောဆိုခဲ့သည်။


ထိုတိုက်ခိုက်မှုတွင် အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ သွေးစွန်းနေတဲ့ ဓားရှည်တစ်ချောင်းက အသတ်ခံရတဲ့သူရဲ့ အလောင်းနဲ့ မီတာ ၅၀ လောက် ဝေးတဲ့နေရာတွင် အလောင်း၏အရှေ့မှာ တွေ့ရှိခဲ့တာဖြစ်သည်။


မြန်မာ ၂ ဦးက ရဲတပ်ဖွဲ့သို့ ပြန်ပြောဆိုရာတွင် ၎င်းတို့ရဲ့ အိမ်ပြင်ဘက်တွင် ဆူဆူညံညံ အော်ဟစ်သံ ကြားလိုက်ရပြီ ခဏနေ ရဲတပ်ဖွဲ့ဝင်များ ရောက်လာအချိန်တွင် လူတစ်ယောက်အသတ်ခံရသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်ဟု ရဲအရာရှိက သတင်းထောက်တွေကို ဖြည့်စွတ် ဖြေဆိုသွားခဲ့သည်။


ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီ အမြန်းဆုံးသတင်းအချက်အလက်ပေးနိုင်သူများကို နီးစပ်ရာ ရဲဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် ရဲအရာရှိ ရုစလီက တိုက်တွန်းပြောဆိုခဲ့သည်။


KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment