Pages

Pages - Menu

Sunday, July 27, 2014

အော်ရီဒူး(မြန်မာ)ဆက်သွယ်ရေးကွန်ရက်စမ်းသပ်မှုများပြုလုပ် သြဂုတ်၁ရက်မှစ၍ မြို့ကြီးသုံးမြို့၌ဆင်းမ်ကတ်များရောင်းချပေးမည်

RangonNewsDaily:: July . 26 .2014
အော်ရီဒူး(မြန်မာ)သည် ¤င်း၏ အရောင်းကိုယ်စားလှယ်များနှင့် မိုဘိုင်းလ်ဆက်သွယ်ရေးကွန်ရက် စမ်းသပ်ခေါ်ဆိုမှုများကို ယမန်နေ့ တွင် စတင်ပြုလုပ်လျက်ရှိပြီး သြဂုတ် ၁ ရက်မှစ၍ မြို့ကြီး သုံးမြို့ဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့၌ စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။

ကမ္ဘာအရပ်ရပ်ရှိ မိုဘိုင်းလ် ဆက်သွယ်ရေးလုပ်ငန်းများ၏ လုပ်ထုံးများအတိုင်း ဝန်ဆောင်မှု များနှင့် မိုဘိုင်း
လ်ဆက်သွယ်ရေး ကိရိယာများ၊ဖုန်းများကို လူထုထံသို့ စတင်မိတ်ဆက်ခြင်းမတိုင်မီ လူ အများကိုဖိတ်ခေါ်၍ ကွန်ရက်ကို စမ်းသပ်စစ်ဆေးသည့်အနေဖြင့် ခေါ်ဆိုမှုများပြုလုပ်ခြင်းဖြစ်ကြောင်း အော်ရီဒူး(မြန်မာ)၏
အရောင်းဌာန ဆိုင်ရာညွှန်ကြားရေးမှူးဦးမြင့်ဇော် က ပြောသည်။

''အခုလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ မိုဘိုင်းလ်ဆက် သွယ်ရေးကွန်ရက်ရဲ့ စွမ်းဆောင် ရည်တွေ ပိုမိုကောင်းမွန်လာစေပါ တယ်။ ပြီးတော့လုပ်ငန်းအားလုံး ကောင်းကောင်းမွန်မွန်လည်ပတ် ဖို့လဲသေချာသွားပါမယ်။ လူတစ် ဦးချင်းစီကရော ကျွန်တော်တို့ရဲ့ Contact စင်တာကရော၊ ကိုယ် စားလှယ်တွေကရော ပေးလာမယ့် အသေးစိတ် တုံ့ပြန်ချက်တွေကို ကောက်ခံနေပါတယ်။ 


ဒါမှလဲဘယ် နေရာမှာလိုအပ်ချက်တွေရှိနေသလဲ ဆိုတာသိပြီး ဝန်ဆောင်မှုတွေစတင် မိတ်ဆက်တဲ့အချိန်မှာ အကောင်း ဆုံးဝန်ဆောင်မှုတွေကို အသုံးပြုနိုင် မှာဖြစ်ပါတယ်''ဟု၎င်းကပြောသည်။

အော်ရီဒူး(မြန်မာ)မှ တာဝါ တိုင်တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးလျက်ရှိပြီး ဝန်ဆောင်မှု စတင်ပေးချိန်တွင် UMTS 900 လှိုင်းနှုန်းဖြင့် ကြည်လင်ပြတ်သား သည့်အသံ၊ အဆင့်မြင့်ကောင်းမွန် သည့်အသံအရည်သွေး၊အင်တာနက် မှ အချက်အလက်အမြန်အရယူနိုင် မည့်လိုင်းအားတို့ကို ရရှိနိုင်မည် ဖြစ်သည်။


''ကျွန်တော်တို့ဆင်းမ်ကတ် တွေကို အခုမရောင်းသေးပါဘူး။ ဒါပေမယ့် အခုလိုစမ်းသပ်ခေါ်ဆို တာတွေ လုပ်နေနိုင်ပြီဆိုတော့ ကျွန်တော်တို့ဝန်ဆောင်မှုတွေရဲ့ စတင်မိတ်ဆက်ချိန်နားရောက်ဖို့ ခြေတစ်လှမ်းနီး

လာပါပြီ။ 

ဆိုလိုချင် တာကတော့ မြန်မာပြည်ကတိုင်းသူ ပြည်သားတွေ အားလုံးတတ်နိုင်တဲ့ မိုဘိုင်းလ်ဆက်သွယ်ရေး
ဝန်ဆောင် မှုတွေကိုအချိန်အကြာကြီးစောင့်စား နေရတာတွေ ဆုံးခန်းတိုင်တော့မှာ ပါ''ဟု၎င်းကဆက်ပြော
သည်။

The Union Daily , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment