Pages

Pages - Menu

Tuesday, July 15, 2014

ဂါဇာအား အစ္စရေးက ကျူးကျော် တိုက်ခိုက်မှု ၇ ရက်မြောက်လာ၊ သေဆုံးသူ ၁၇၀ ကျော်


RangonNewsDaily:: July . 15 .2014
ဂါဇာအား အစ္စရေးက ယနေ့တွင်လည်း တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး သေဆုံးသူမှာ ၁၇၂ ဦးရှိလာပြီဖြစ်သည်။

ယနေ့နံနက်စောစောပိုင်းက ဂါဇာကမ်းရိုးတန်းဝန်းကျင် ဟားမက်၏ အဖွဲ့ခွဲ ကာစမ်ဘရီဂိတ်၏ လေ့ကျင့်ရေးစခန်း သုံးခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရမှုမရှိဟု ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

ထို့ပြင် ဂါဇာမြောက်ပိုင်း ဂျာဘာလီယာမြို့၊ တောင်ပိုင်း ဒီယာ အလ်-ဘာလာမြို့နှင့် ဂါဇာစီးတီးရှိဆောက်အဦးများကိုလည်း တိုက်ခိုက်ခဲ့ကြပြီး လူအနည်းငယ်ဒဏ်ရာရရှိခဲ့ကြသည်။
အစ္စရေး၏တိုက်ခိုက်မှုကြောင့် သေဆုံသူ ၁၇၂ ဦးအပြင် ဒဏ်ရာရရှိသူမှာ ၁၂၃၀ ရှိနေသည်။ သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြပြီး ပါလက်စတိုင်းများအတွက် ကုလမှပြုလုပ်ပေးထားသော ဒုက္ခသည်စခန်းများတွင် လာရောက်လိုလှုံသူမှာ ၁၇၀၀၀ ခန့်ရှိလာခဲ့သည်ဟု ကုလ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုပြဿနာအားဖြေရှင်းရန်အတွက် ကမ္ဘာ့ခေါင်းဆောင်များက ဆွေးနွေးရန်စီစဉ်နေသည်။ နိုင်ငံတကာတွင်လည်း အစ္စရေး၏ အဆိုပါကျူးကျော်တိုက်ခိုက်မှုအား ဆန့်ကျင် ရှုတ်ချနေပြီး ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တယ်လီဖုန်းဆက် ပြောကြားခဲ့သော်လည်း  အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ထိုတိုက်ခိုက်မှုအား မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မသိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
AFP , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment