Pages

Pages - Menu

Sunday, July 6, 2014

ကားထဲမှာ ကလေး သေဆုံးမှု ဖခင်တဦး သေဒဏ်ကျခံရဖွယ်ရှိ


RangonNewsDaily:: July . 6 .2014
ဂျော်ဂျီယာ၊ အတ္တလန်တာမှာ ဖခင်ဖြစ်သူ ဂျပ်စတင် ဟာရီ ဟာ ၂၂ လ အရွယ် သားဖြစ်သူ ကူးပါးလေးကို ကားနောက်ခန်းထဲမှာ ရည်ရွယ်ချက်ရှိရှိထားခဲ့ပြီး ကလေးကို သတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ရုံးတင် ခံနေရပြီး သေဒဏ်ကျခံရဖွယ်ရှိပါပြီ။ 
စွဲချက်မှာတော့ ဂျပ်စတင်ဟာ သားဖြစ်သူအတွက် အသက်အာမခံ ၂ ခုကို လုပ်ထားပြီး ကလေးကို ဘယ်လို သတ်ရမယ်ဆိုတာနဲ့ သူ ထောင်ကျခဲ့ရင် ထောင်ထဲမှာ ဘယ်လို အသက်ရှင်အောင် နေထိုင်ရမလဲ ဆို တာ
တွေကို အင်တာနက်မှာလည်း ရှာဖွေလေ့လာခဲ့တယ်လို့ သူ့လက်ပ်တော့ကို စစ်ဆေးချက်အရ သိရတယ်လို့ စုံထောက် က ပြောဆိုထားပါတယ်။ 

ဇွန်လ ၁၈ ရက်နေ့က ကလေးကို ကားနောက်ခန်းထဲ ထားခဲ့တာကို အလုပ်ကို ကမန်းကတန်းသွား လိုက် တာမို့ မေ့သွားခဲ့တာသာဖြစ်တယ်လို့ ဂျပ်စတင်က ဆိုထားပါတယ်။ 

ဒါပေမယ့် ကလေးဟာ ပူပြင်းတဲ့ ရာသီဥတုမှာ ကားထဲ မွန်းကျပ်ပြီး သေဆုံးသွားခဲ့ရပါတယ်။ 

တရားရုံးကြားနာမှုမှာ ဇနီးသည်က ပြောတာမှာတော့ သူနဲ့ ခင်ပွန်းဖြစ်သူဟာ လင်မယား အတူမနေပဲ ကွဲနေကြတာကြောင့် ကလေးကို နေ့ကလေး ထိန်းကျောင်းမှာ သွားယူခဲ့သေးစဉ် ခင်ပွန်းဖြစ်သူက ကလေး ကို လက်က မချပဲ ထားခဲ့ပြီး မပေးခဲ့ဘူးလို့ လို့ ထွက်ဆိုထားပါတယ်။ 

ကလေးတွေကို ကားထဲမှာ ပိတ်ထားခဲ့ပြီး ထားခဲ့ရင် အသက်ရှုကြပ်ပြီး သေဆုံးတတ်ပါတယ်။ ဒီကိစ္စကို အထူးသတိထားဖို့ လိုပါတယ်။ အလားတူ ကားထဲ ကလေးကို ထားခဲ့ရင်း အသက်ဆုံးရှုံးသွားတဲ့ ကလေး 
တွေနဲ့ပတ်သက်တာတွေ နိုင်ငံတော်တော်များများမှာဖြစ်တာတွေ့ရပါတယ်။ 

အခု အမှုဖြစ်စဉ်မှာတော့ CCTV မှတ်တမ်းတွေ၊ အမေရိကန်ရဲနဲ့ စုံထောက်တွေရဲ့ စုံစမ်းမေးမြန်းဖော် ထုတ်ချက်တွေအရ ဂျပ်စတင်ဟာ ရည်ရွယ်ချက်ရှိရှိ သားဖြစ်သူကို ကားထဲမှာ ထားခဲ့ပြီး အပူချိန် ၃၆ံC အောက်မှာ ကလေးကို အပူဒဏ်ရော၊ အသက်ရှုကြပ်မှုတွေနဲ့ သေဆုံးအောင် တမင် လုပ်ခဲ့တာလို့ ဆိုထားပါတယ်။ 

တရားရုံး စစ်ဆေးချက်တွေနဲ့ ပြစ်မှုထင်ရှားတယ်ဆိုရင် ဂျပ်စတင်ဟာ သေဒဏ်ကျခံရဖွယ်ရှိတယ်လို့ The Mirror သတင်းတပုဒ် က ရေးထားပါတယ်။ 

တရားရုံးက ကြားနာပွဲ။ အပိုင်း ၂ ပိုင်း ။ 
http://www.youtube.com/watch?v=I9u--A2TwZg

ဧရာဝတီ , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment