ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
RangonNewsDaily:: July . 6 .2014လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်များပေါ်တွင် သတင်းအမှားများ၊ တစ်ပါးသူထိခိုက်နစ်
နာစေမည့်အကြောင်းအရာများ ရေးသားသူကို ၎င်းတို့အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်ကဖေးတို့မှတစ်ဆင့် ခြေရာခံဖမ်းဆီးနိုင်ရန် လက်တွေ့စမ်းသပ်
မှုများပြုလုပ်နေပြီး တတ်သိနားလည်သော ဟက်ကာတပ်ဖွဲ့ဝင်များကို လေ့ကျင့်ထား
ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘ဆိုက်ဘာရာဇဝတ်မှုတစ်ခု ဖြစ်လာရင် ဖေ့စ်ဘွတ်ခ်ကနေ စော်ကား ပြောဆိုမှုတွေကြုံ
လာရင် ရဲစခန်းကိုတိုင်ပါ။ အမှုဖွင့်ပေး မယ်။ အရေးယူပါမယ်။ တရားခံဖော်ထုတ်မယ့်
ကိစ္စက အချိန် ကာလအတိအကျပြောဖို့ခက်တဲ့အတွက် အချိန်ယူရတာတော့ ရှိကောင်း
ရှိပါလိမ့်မယ်။
ဒါပေမဲ့ ဒီအမှုအခင်းတွေအတွက် တပ်ဖွဲ့ဝင်တွေထဲမှာHacker(ဖောက်ထွင်းဝင်ရောက်
၍ အချက်အလက်များရယူသူ)ကို တန်ပြန်နိုင်တဲ့ပညာရှင်တွေ မွေးထုတ်ထားပါပြီ’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးချုပ် ဦးစိုးမြိုင်က ပြောကြားသည်။
‘‘ဆိုက်ဘာဥပဒေကို အခု သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက လည်း ရေးနေတယ်။ တချို့အပိုင်း တွေ ဆက်သွယ်ရေးဝန်ကြီးဌာန က ရေးမယ်။ ဒီဥပဒေက ရေးနေတုန်းပဲ။ အခုလက်ရှိမှာ အီလက် ထရွန်နစ်ဥပဒေတော့ရှိတယ်။ ဒါပေမဲ့ အခုလူမှုကွန်ရက်လိုကိစ္စ တွေကိုတော့ အားလုံးမခြုံငုံမိဘူး။ ဒါကြောင့် ဥပဒေလည်း လိုအပ်တယ်’’ဟု ၎င်းက ပြောသည်။
::
ဆိုက်ဘာမှုခင်းဥပဒေတွင် ကွန်ပျူတာကို အင်တာနက်သုံး တတ်ရုံ၊ ဖေ့စ်ဘွတ်ခ်သုံး
တတ်ရုံ၊ ဥပဒေသိရုံဖြင့်ရေး၍မရဘဲ နည်း ပညာရှင်မပါဘဲ ရေး၍မရကြောင်း ယင်း
ဥပဒေအကြမ်းရေးဆွဲရာ တွင်ပါဝင်သည့် ဥပဒေပညာရှင် ဦးမင်းတေဇက ပြောကြား
သည်။
‘‘ဥပဒေက လောလောဆယ် Electronic Transition Law နဲ့ပဲ ဖမ်းကြမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်ဓာတ်ပုံနဲ့ ဖေ့စ်ဘွတ်ခ်မှာမဟုတ်တာတင်ထားတဲ့အကောင့်တစ်ခုကို ဒီမှာဘယ်လိုဖော်ထုတ်မှာလဲ။ ဒါတွေက လုပ်လို့ရနေတာပဲလေ။ အကောင်းဆုံးက ဖေ့စ်ဘွတ်ခ်လို ပြင်ပအဖွဲ့အစည်းတွေနဲ့ မလုပ်လို့ကိုမရဘူး။ Cyber Forensics ဆိုတဲ့ လူတစ်ယောက်ဟာ ကွန်ပျူတာမှာ ဘယ်လိုသုံးခဲ့လဲဆိုတာ နောက်ယောင်ခံတဲ့ ပညာရှင်တွေ ဒီမှာမရှိဘူး။ ဒါ ကြောင့် ဆိုက်ဘာမှုခင်းဥပဒေကို ရေးရမယ်။ ပြင်ပအကူအညီလည်း ယူရမယ်’’ဟု ၎င်းက ပြောသည်။
ဖေ့စ်ဘွတ်ခ်ကုမ္ပဏီတွင် မြန်မာဝန်ထမ်းတစ်ဦးကို ခန့်ထား သည်ဟု ကြေညာထား
ခဲ့သော်လည်း ယနေ့အထိ လူမျိုးရေး၊ ဘာသာရေးအပါအဝင် ပဋိပက္ခလှုံ့ဆော်ရေးသား
မှုများတွေ့နေရဆဲဖြစ်သည်။
7Day Daily ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment