Pages

Pages - Menu

Tuesday, July 15, 2014

တယ်လီနောမှ စက်တင်ဘာလအတွင်းရောင်းချမည့် မိုဘိုင်းဆင်းမ်ကတ်များကို ယခင်သတ်မှတ်ထားသည့် ကျပ် ၁၅ဝဝ အောက်နိမ့်ကျသည့် ဈေးနှုန်းဖြင့် ရောင်းချမည်ဟုဆို

RangonNewsDaily:: July . 15 .2014
ရန်ကုန်၊ ဇူလိုင် ၁၄- တယ်လီနော(မြန်မာ)မှ စက်တင်ဘာလအ တွင်း စတင်ရောင်းချမည့် မိုဘိုင်း ဆင်းမ်ကတ်များကို ယခင်သတ်မှတ် ထားသည့် ကျပ် ၁၅ဝဝ အောက်နိမ့် သည့် ဈေးနှုန်းဖြင့်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းဖုန်းဆင်းမ်ကတ် များကို ကနဦးအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့ကြီး သုံးမြို့တွင် မည်သည့်ဟန်းဆက် နှင့်မဆို အသုံးပြုနိုင်မည့် 2G နှင့် 3G ကွန်ရက်စနစ်သုံး ဆင်းမ်ကတ် များကို ဖြန့်ချိသွားမည်ဖြစ်ကြောင်း တယ်လီနော(မြန်မာ)မှ စီအီးအို Mr.Furberg က ပြောသည်။

စီအီးအို Mr. Furberg က ''ဆင်းမ်ကတ်တွေကို စက်တင်ဘာ မှာ စရောင်းမယ်။ ဆင်းမ်ကတ်ဈေးနဲ့ ဖုန်းပြောဆိုခ၊ အင်တာနက်သုံးစွဲခတွေကိုတော့ ဈေးကွက်ထဲမှာရှိနေ တဲ့ ဈေးနှုန်းထက်အသက်သာဆုံးဖြစ် အောင် ရောင်းပေးမယ်လို့တော့ ကတိ ပြုပြောနိုင်ပါတယ်''ဟု ပြောသည်။


အဆိုပါအော်ပရေတာမှ ဆင်းမ် ကတ်များ ရောင်းချရာတွင် အင် တာနက် တစ်ပြိုင်နက်တည်း အသုံး ပြုနိုင်မည်ဖြစ်ကာ 3G ကွန်ရက် သည် ပုံမှန်အားဖြင့် အသုံးပြုသူများ သောအချိန်တွင် 700Kbps မှ 1Mbps ထိရှိနိုင်ပြီး အသုံးပြုသူ နည်းသောအချိန်တွင် 4-6 Mbps ထိ အသုံးပြုနိုင်မည်ဖြစ်ကာ 2G ကွန်ရက်သည် ပုံမှန်အားဖြင့်အသုံး ပြုသူများသောအချိန် 100 Kbps မှ 150 Kbps အထိ အသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။


Mr.Furberg က ''တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ကွန်ရက်ဘယ် လောက်ဖြန့်ကျက်နိုင်မယ်ဆိုတာ ရာခိုင်နှုန်းနဲ့ပြောဖို့ ခက်တယ်။ တချို့ မြို့တွေမှာ တာဝါတိုင်တည်ဆောက် တဲ့ အပိုင်းကအစ အခက်အခဲ နည်းနည်းရှိတယ်။ ဒါကြောင့် ဘယ် လောက်ထိ ကွန်ရက်လွှမ်းခြုံနိုင် မလဲတော့မပြောနိုင်ဘူး။ ဖုန်းကိုတော့ လူတိုင်းကိုင်နိုင်အောင် ရည်ရွယ် တယ်''ဟု ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တယ် လီနော(မြန်မာ)အနေဖြင့် ပထမဆုံး ဆက်သွယ်ရေးစခန်း ၁ဝဝ တည် ဆောက်သွားမည်ဖြစ်ပြီး ယင်းအပြင် ဆက်သွယ်ရေးစခန်းပေါင်း ၃ဝဝ မှ ၄ဝဝအထိ တည်ဆောက်သွားမည် ဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဆက်သွယ်ရေးစခန်းပေါင်း ၈ဝဝဝ ထားရှိမည်ဟု လျာထား ကြောင်း သိရသည်။


ဒဂုံတက္ကသိုလ်တွင် အင်္ဂလိပ် စာမေဂျာဖြင့် တက်ရောက်နေသည့် မောင်ဖုန်းမြင့်ပိုင်က ''ဆင်းမ်ကတ် တွေပေါပေါများများ သုံးနိုင်လာမှ လဲ ကောင်းတယ်။ ဖုန်းပြောခဈေး နည်းမှအဆင်ပြေတယ်။ တစ်မိနစ် ၂ဝလောက်နဲ့ဆိုရင်ကို ပြောရတာ တန်နေပြီ။ ပြီးတော့ ကတ်မှာပါ အင်တာနက်ပါမယ်။ အခုကတော့ အမ်ပီတီကို တစ်သောင်းပေးသွင်းပြီး လျှောက်ရတာ သိပ်အဆင်မပြေဘူး ထင်တယ်။ အဓိကကပေးရတာနဲ့ တန် အောင် သုံးနိုင်ဖို့ပဲ''ဟု ပြောသည်။

အဆိုပါတယ်လီနော(မြန်မာ) မှနောင်လာမည့် ငါးနှစ်အတွင်း မိုဘိုင်းဖုန်းသုံးစွဲသူ ၉ဝရာခိုင်နှုန်းအထိ ဖြစ်လာစေရန် လျာထားချက်များ ထားရှိ၍ ဆောင်ရွက်သွားမည်ဖြစ် သည်ဟု သိရသည်။


တယ်လီနောမှ ယခုနှစ် ဖေဖော် ဝါရီပထမပတ်တွင် ပြည်တွင်း၌ ဆက် သွယ်ရေးအော်ပရေတာအဖြစ် လုပ် ကိုင်ရန် လိုင်စင်ရရှိခဲ့ပြီး တခြားသော အော်ပရေတာများ ဖြစ်သည့် အော်ရီ ဒူး၊ မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံ တယ်လီပို့တို့ဖြင့် ယှဉ်ပြိုင်ဝန်ဆောင် မှုပေးသွားမည်ဖြစ်သည်။

Yangon Media  , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment