Pages

Pages - Menu

Saturday, July 12, 2014

မန္တလေး ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်သည့်ဟုဆိုကာ လူငယ် ၁၃ ဦး ဖမ်းဆီး

RangonNewsDaily:: July . 12 .2014
၃၄-လမ်း၊ ၇၄x၇၅လမ်းကြား၊ မောရဂီဝါရပ်ကွက် ဖလံဘိုဝင်းအတွင်း နေထိုင်သည့် လူငယ် ၁၃-ယောက်အား ယနေ့ ညနေ ၆း၄၅-နာရီ ခန့်က လုံထိန်းရဲများမှ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
၎င်းလူငယ်များမှ ၃၄-လမ်းပေါ်တွင် စုပေါင်း ထိုင်နေကြစဉ် ရဲများက ၀င်ရောက်ဖမ်းဆီးခဲ့ပြိး ရပ်ကွက်မှ လူများစုရုံးလာသည့်
အတွက် ရဲလုံခြုံရေး ကား ၆-စီးခန့် ထပ်မံ ရောက်ရှိလာပြီး လမ်းများ ၃၄-လမ်းတလျှောက် ၇၃-၇၄-၇၅ လမ်းများအထိ လမ်းပိတ်
ထားလိုက်တယ်လို့ ဒေသခံအချို့က ဆိုပါတယ်။

မန္တလေး အကြမ်းဖက်မှုများ ငြိမ်သက်သွားပြီးနောက် ပထမ ၁-ကြိမ်က ၁-ယောက်၊ ဒုတိယ ၂-ယောက်၊ ယခု အကြိမ်သည် ၃-ကြိမ်မြောက်ဖမ်းဆီးခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
::
ဖမ်းဆီး သွားတဲ့ လူငယ် များမှာ စုံစမ်း သိရှိရသလောက် စာရင်းမှာ
(၁) လင်းလင်းမောင်(ခ)ဦးခင်မောင်
(၂) နောင်နောင် (ဘ) ဦးတင်ဝင်း 
(၄) ချစ်ကောင်း (ဘ) ဦးချစ်ဆန်း 
(၅) အောင်မျိုးဆက် (ဘ) ဦးစိုးအောင်(့ပန်းချီ) 
(၆) မိုးသီဟ (ဘ) ဦးတင်မိုး (၁၉ နှစ်)
(၇) ချစ်သက်ပိုင် (ဘ) ဦးမြင့်သိန်း
(၈) နေဇင်အောင် (ဘ) ဦးခင်မောင်ဇင်
(၉) ညီညီ (ဘ) ဦးကျော်နိုင် ဖြစ်ကြောင်း သိရပါတယ်။ 

တိုင်းဒုစရိုက်နှိမ်နင်းရေးကို ခေါ်ဆောင်သွားကြောင်း သိရပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြိး နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(ခ) မှူးဇော်ရဲ့ FB စာမျက်နှာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပဋိပက္ခ ဖြစ်စဉ်များတွင် ပါဝင်ခဲ့သည် ဟု သံသယရှိသူများ စစ်ဆေးရန် ရှာဖွေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
::
မန္တလေးအကြမ်းဖက်မှုဖြစ်စဉ်ပြီးနောက် အစ္စလာမ်ဘာသာဝင်များက အကြမ်းဖက်မှုဖြစ်အောင် ဖန်တီးသယောင် ပုံစံများအား ၉၆၉ ဦးဆောင်ဆရာတော် ဦးဝီရသူမှ သတင်းမီဒီယာများကို ပြောကြားခဲ့သလို အစိုးရအာဏာပိုင်များဘက်မှ ပြောဆိုမှုများ ရှိခဲ့ပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အချိန်၌ပင် ဖြစ်စဉ်တွင် ကွယ်လွန်ခဲ့သည့် နာရေးတစ်ခုကို အကြောင်းပြု၍ လက်နက်များကိုင်ဆောင်၍ လမ်းပေါ်တွင် ပေါ်ပေါ်ထင်ထင် ဆူပူလှုပ်ရှားသူများအား ဖမ်းဆီးခြင်း မပြုဘဲ ယခုကဲ့သို့ အစ္စလာမ်ဘာသာဝင်များအား လိုက်လံ ဖမ်းဆီးနေမှုကို ကြည့်ခြင်းအားဖြင့် မန္တလေးတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတရားခံအဖြစ် အစိုးရတာဝန်ရှိသူများမှ မွတ်စလင်များ အပေါ် တဖက်သက် အကွက်ချပြီး အပြစ်ပုံချနေမှန်း သိသာတယ်လို့ မြို့ခံအချို့က ပြောပါတယ်။
::
ဖမ်းဆီးထားသူ ထဲမှာ တချို့ကို ပြန်လွှတ်ပေးတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သီးခြားအတည်ပြုချက် သတင်း မရရှိသေးပါ၊ 

M-Media ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment