Pages

Pages - Menu

Wednesday, July 9, 2014

ဘရာဇီးကို ဂိုးပြတ်နိုင်ပွဲရယူပြီး ဂျာမနီ ဗိုလ်လုပွဲတက်


RangonNewsDaily:: July . 9 .2014
နေမာအစား ဘားနက်၊ သီယာဂိုဆေးလ်ဗားအစား ဒန်တီကို အသုံးပြုခဲ့ခြင်းကလွဲ၍ ဘရာဇီးလ်အသင်း အကောင်း
ဆုံးလူစာရင်းကို အသုံးပြုပွဲထွက်ခဲ့သော်လည်း ဂျာမနီအသင်းကို အဖက်ဖက်ကမယှဉ်နိုင်ခဲ့သည်ကို တွေ့ရသည်။
ကလိုဆေး၊ မူလာ၊ အိုဇေးလ်တို့၏ တွဲလုံးများကို ဘရာဇီးလ်နောက်တန်း မထိန်းချုပ်နိုင်ခဲ့သလို၊ ကွင်းလယ်ကလည်း
လွှမ်းမိုးနိုင်မှုနည်းပါးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဂိုးပြတ်သွားခဲ့ရခြင်းဖြစ်သည်။

ပထမပိုင်းမိနစ်(၃၀)အတွင်းမှာပင် ဂျာမနီအသင်း ငါးဂိုးပြတ်သွင်းယူခဲ့ကာ ပွဲအဖြေပေါ်သလောက်ဖြစ်သွားခဲ့ရ
သည်။ 
::
ဂျာမနီအသင်းအတွက် ပထမပိုင်းအနိုင်ဂိုးများကို မူလာ(၁၁ မိနစ်)၊ ကလိုဆေး(၂၃ မိနစ်)၊ တိုနီကရူးစ်( ၂၄၊ ၂၆ မိနစ်)၊ ခါဒီရာ(၂၉ မိနစ်)တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး လူစားလဲမှုများပြုလုပ်ခဲ့ပြီး ဘရာဇီးလ်အသင်း ဂိုးသွင်းခွင့်များ ပြန်လည်ရရှိခဲ့သော်

လည်း ဂျာမနီအသင်းဂိုးသမား နူအာကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိဘဲ လူစားဝင်လာသည့် ဂျာမနီအသင်းတိုက်စစ်မှူး ရှိုရာ၏ ၆၉၊ ၇၉ မိနစ်များတွင် သွင်းဂိုးနှစ်ဂိုး ထပ်မံသွင်းယူခြင်းကို ခွင့်ပြုလိုက်ရသည်။
::
ဘရာဇီးလ်အသင်း၏ နှစ်သိမ့်ချေပဂိုးကို အော်စကာက နာကျင်အချိန်ပိုအရောက်တွင် ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီး၌ ဂျာမနီအသင်းက အိမ်ရှင်ဘရာဇီးလ်အသင်းကို (၇-၁)ဂိုးဖြင့် ဂိုးပြတ်နိုင်ပွဲရယူကာ ဗိုလ်လုပွဲတက်နိုင်ခဲ့သည်။

Photo :: ဂျာမနီအသင်းအတွက် ၇ ဂိုးမြောက်ဂိုးကို သွင်းယူပြီးနောက် ရှိုရာနှင့် ဂျာမနီကစားသမားများ အောင်ပွဲခံနေစဉ် (Photo-AFP)

KOLATT(PBDN)

RangonNewsDaily















No comments:

Post a Comment