Pages

Pages - Menu

Tuesday, July 22, 2014

ကုလအထူးကိုယ်စားလှယ်ထံသို့ ပြည်နယ်အဆင့် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးဌာနက အိတ်ဖွင့်ပေးစာပေး


RangonNewsDaily:: July . 22 .2014
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီလီထံသို့ ပြည်နယ်အဆင့်အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးဌာန (ECC) က အိတ်ဖွင့်ပေးစာတစ်စောင်ကို ဇူလိုင် ၂၀ ရက်ကပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်တွေမြို့တွင် ECC နှင့် ကုလအထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဘင်္ဂါလီလူမျိုးများကြောင့် ရခိုင်ပဋိပက္ခများဖြစ်ပွားရသည့် အကြောင်းရင်းများကို ရှင်းပြထားသည့် အိတ်ဖွင့်ပေးစာပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့မိမြို့ဖဦးသန်းထွန်းကပြောသည်။

‘‘ပြဿနာတွေဟာ ခိုးဝင်လာသူတွေကြောင့် ဖြစ်ရတာဆိုတာကို ပြည့်ပြည့်စုံစုံစနစ်တကျ ရှင်းပြထားတဲ့ စာကိုပေးခဲ့တာ’’ ဟု ဦးသန်းထွန်းကဆိုသည်။

ကုလအထူးကိုယ်စားလှယ်၏ သုံးရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ်တွင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး ၁၉၈၂ နိုင်ငံသားဥပဒေအပါအ၀င် ဒေသတည်ငြိမ်ရေးကိစ္စရပ်များဆွေးနွေးခဲ့သည်။

မစ္စလီအနေဖြင့် ကချင်ပြည်နယ်နှင့် မန္တလေးမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း ကုလအဖွဲ့ကသတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီလီ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ − ညွှန့်ဝင်း/အီးပီအေ)


7Day Daily , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment