Pages

Pages - Menu

Friday, July 18, 2014

ရန်ကုန်မှာ မီးပျက်မည့်အကြောင်း အများပြည်သူသို့ အသိပေးပန်ကြားခြင်း

RangonNewsDaily:: July . 18 .2014
၁။ မဟာဓာတ်အားလိုင်းမှ ဓာတ်အားကိုလက်ခံ၍ ၃၃ ကေဗွီဗို့အားဖြင့် အများပြည်သူ
သို့ ဓာတ်အားပို့လွှတ်ထားသော သာကေတပင်မဓာတ်အားခွဲရုံရှိ ၂၃ဝ/၃၃ ကေဗွီ (၁ဝဝ) အမ်ဗွီအေထရန်စဖော်မာ၏ ၃၃ ကေဗွီဗို့အား အထွက်အပိုင်းတွင် လွန်းဖွာနေသော ဓာတ်အားလိုင်းကြိုးများအား အစား ထိုးအသစ်လဲလှယ်ခြင်းလုပ်
ငန်းဆောင်ရွက်ရန် လိုအပ်နေပါသည်။

၂။ သာကေတပင်မဓာတ်အားခွဲရုံများတွင် ဖော်ပြပါလုပ်ငန်းများအား ဓာတ်အားပိတ်ဆောင်ရွက်ရမည်ဖြစ်ပါ၍ အောက်ပါနေ့ရက်၊ အချိန် တွင် ဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါ သည်-

- သာကေတပင်မဓာတ်အားခွဲရုံရှိ ၂၃ဝ/၃၃ ကေဗွီ(၁ဝဝ) အမ်ဗွီအေ ထရန်စဖော်မာ အမှတ်(၂)ကို (၂ဝ-၇-၂ဝ၁၄) ရက် တနင်္ဂနွေနေ့ ဝဝးဝဝ နာရီမှ ဝ၅းဝဝ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်ရာ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ဇဝန၊ ဆ/က၊ ဗိုလ်ကံညွန့်၊ လေးဒေါင့်ကန်၊ င/က မိချောင်းကန်၊ ဝေဇယန္တာ၊ သာဓု၊ ဆယ်သိန်း၊ နနွန်းကုန်း၊ ကမှဃအထိ၊ ရန်အောင်၊ ရန်ကုန် သစ်၊င/ခ ရပ်ကွက်၊မေခ၊ မလိခအိမ်ရာ၊ ငမိုးရိပ်၊ စံပြ၊ ပြည်ထောင်စု ရိပ်သာ၊ ကြီးပွားရေးမြောက်၊ ကမ်းသာယာတို့တွင် လည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (ဝဝ)၊ (၂၈)၊ (၂၉)၊ (၃ဝ)၊ (၃၈)၊ (၄၅)၊ (၄၃)၊ (၁၆) ရပ်ကွက်တို့တွင်လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ကွေ့မအိမ်ရာ၊ တော့စတားအိမ်ရာ၊ အင်းဝ အိမ်ရာ၊ (၁၈)၊ (၁၉)၊ (၂ဝ)၊ (၂၁)၊ (၂၂)၊ (၂၄)၊ (၂၅)၊ (၂၆)၊ (၅၃)၊ (၅၅)၊ (၅၆)၊(၅၇)၊ (၆၄)၊ (၆၅)၊ (၇ဝ)၊ (၇၂)၊ (၁ဝ၅)၊ (၁ဝ၆)၊ (၁ဝ၇)တို့တွင်လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် (၆)ရပ်ကွက်တစ်ခြမ်း၊ (ရ) ရပ်ကွက်၊ (၁ဝ)တစ်ခြမ်း၊ (၁၄) ရပ်ကွက်၊ (၄)ရပ်ကွက်၊ (၅) ရပ်ကွက်တစ်ခြမ်းတို့တွင်လည်းကောင်း ငါးနာရီကြာ ဓာတ်အား ပြတ်တောက်မည်ဖြစ်ပါသည်။

၃။ ယင်းသို့ ဓာတ်အားပြတ်တောက်၍ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပေးနေစဉ်ကာလအတွင်း ချွတ်ယွင်း အားနည်းမှုဖြစ်ပေါ်နေသည့် နေရာများမှအပြစ်ဖြစ်ပေါ်ခဲ့ပါက ပျက်စီးဆုံးရှုံးမှုပိုများပြီးပြုပြင်ရန် အချိန် ပိုကြာခြင်း၊ မလိုလားအပ်သော ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုထိခိုက် ခြင်းကို ဖြစ်ပေါ်စေနိုင်ခြင်းတို့ကြောင့် ကြိုတင်ဆောင်ရွက်ရခြင်းဖြစ်ပါ ကြောင်း၊ ဓာတ်အားပြတ်တောက်မှုကြောင့် လူမှုရေးအခက်အခဲများ ပေါ်ပေါက်နိုင်မှုအပေါ် အနူးအညွတ်တောင်းပန်အပ်ပါကြောင်း၊ ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အများပြည်သူသို့ အသိပေး ပန်ကြားအပ်ပါသည်။

(ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့)

ကြေးမုံ ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment