Pages

Pages - Menu

Friday, July 11, 2014

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်လေးဦးကို ထောင် ၁၀ နှစ်ချမှတ်


RangonNewsDaily:: July . 11 .2014
နိုင်ငံတော် လျှို့ဝှက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်လေးဦးကို ပခုက္ကူမြို့နယ် တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်သည်။
ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာ/ချုပ်တို့၏ ပေါက်မြို့နယ်က လျှို့ဝှက် ဓာတုစက်ရုံ” သတင်းဆောင်းပါးဟာ နိုင်ငံတော် လျှို့ဝှက်ချက်ကို ပေါက်ကြားစေတယ်ဆိုပြီး တရားစွဲဆို ခံခဲ့ရတာပါ။ အဲဒီအမှုရင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဇွန်လ ၃၀ ရက်နေ့မှာ နှစ်ဖက်ရှေ့နေတွေ အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြပါတယ်။

အဲဒီဆောင်းပါးဟာ သတင်းဆောင်းပါးကိုတော့ ယူနတီဂျာနယ် အတွဲ (၃)၊ အမှတ် (၄) တွင် ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက်ကို ပေါက်ကြားစေတယ်။ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်တယ်။ ကျော်ဖြတ် ဓာတ်ပုံရိုက်တယ် ဆိုပြီးတော့ မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၄ (၁) (က) ၉ ဖြင့် အမှုဖွင့် တရားစွဲခဲ့တာပါ။

ဆောင်းပါးဖော်ပြမှုနဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ အကြီးတန်း သတင်းထောက် ဦးပိုင်သက်ကျော်၊ အကြီးတန်း သတင်းထောက် ဦးရာဇာဦး၊ အငယ်တန်း သတင်းထောက် ဦးစည်သူစိုးနဲ့ ပေါက်မြို့နယ် သတင်းထောက် ဦးလူမော်နိုင်တို့ ပခုက္ကူ အကျဉ်းထောင်မှာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့တာပါ။

The Voice , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment