Pages

Pages - Menu

Tuesday, July 15, 2014

အားပြင်းမုန်တိုင်း ဖိလစ်ပိုင်သို့ ဝင်ရောက်လာ၍ နေအိမ်စွန့်ခွာရသူ ထောင်နှင့်ချီရှိ


RangonNewsDaily:: July . 15 .2014
အင်အားပြင်းမုန်တိုင်းတစ်ခု ဖိလစ်ပိုင်သို့ ဝင်ရောက်လာသောကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြသည်ဟု ဇူလိုင် ၁၅ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရမ်မာဆမ်ဟု အမည်ပေးထားသော မုန်တိုင်းသည် နိုင်ငံအရှေ့ပိုင်းရှိ ဘီကိုလ်ဒေသသို့ ဝင်ရောက်မည်ဖြစ်ပြီး၊ ဇူလိုင် ၁၆ရက်တွင်လည်း မနီလာမြို့တော်ကိုလည်း ဖြတ်သန်းတိုက်ခိုက် သွားမည်ဖြစ်သည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် မနီလာမြို့တောင်ပိုင်းတွင် မြေပြိုကျမှုများ ဖြစ်ပေါ်လာနိုင်ချေရှိပြီး ယင်းမုန်တိုင်းသည် ၂ဝဝ၆ ခုနှစ်က မြို့တော် မနီလာနှင့် လူဇုံ ကျွန်းတို့အား တိုက်ခတ်ခဲ့ကာ လူပေါင်း ၂ဝဝ ကျော်သေဆုံးစေခဲ့သည့် မုန်တိုင်းထက်ပင် ပိုမို အားကောင်းလာနိုင်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကနဦးတိုင်းထွာချက်များအရ ယင်း ရမ်မာဆမ် အပူပိုင်းဒေသမုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီလျင် တစ်နာရီ ၆၈ မိုင်နှုန်းဖြင့် တိုက်ခတ်နေသော်လည်း ပစိဖိတ်သမုဒ္ဒရာသို့ ဖြတ်ကျော်ပြီးနောက် ယင်းမုန်တိုင်းသည် အားပြင်း မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း ဖိလစ်ပိုင် မိုးလေဝသ ဗျူရိုကပြောကြားသည်။ ယင်းတိုင်ဖွန်းမုန်တိုင်းသည် တစ်နာရီ လေတိုက်နှုန်း ၁၁၉ ကီလိုမီတာမှ ကီလိုမီတာ ၂ဝဝ ထိရှိလာနိုင်သည်။

မုန်တိုင်းအရွယ်အစား အချင်းမိုင် ၂၅ဝရှိသော ယင်းမုန်တိုင်းသည် အယ်လ်ဘေး ဒေသတွင် မြေပြိုမှုများဖြစ်ပေါ်လာစေနိုင်သည်။ မုန်တိုင်းသည် မနီလာမြို့တော်၊ ဘာတန် ဒေသနှင့် ဇမ်ဘေးစ် ဒေသတို့ကို ဖြတ်ကျော်သွားနိုင်ကြောင်း ဖိလစ်ပိုင် မိုးလေဝသဗျူရိုကခန့်မှန်းထားသည်။

ရမ်မာဆမ် မုန်တိုင်းသည် နိုင်ငံအရှေ့ပိုင်း ပင်လယ်ကမ်းခြေတွင် ဇူလိုင်လ ၁၅ ရက်က တစ်မီတာမြင့်သော လှိုင်းလုံးများဖြစ်ပေါ်ခဲ့သည်။ ပင်လယ်ကမ်းခြေတွင် ဒီရေတက်မှုအချိန်အတွင်း ဆိုင်ကလုံးမုန်းတိုင်း တိုက်ခတ်ပါက လှိုင်းလုံးအမြင့် ပမာဏ ပိုမိုကြီးထွားလာနိုင်သည်ဟု ဖိလစ်ပိုင် မိုးလေဝသ ဗျူရိုကပြောကြားသည်။

အပူပိုင်းဒေသမုန်တိုင်း ရမ်မာဆမ် သည် ၂ဝ၁၄ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်ခဲ့သော ခုနှစ်ခုမြောက် အပူပိုင်းဒေသမုန်တိုင်းဖြစ်သည်။

mizzima , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment