Pages

Pages - Menu

Sunday, July 20, 2014

Bi မွန်းတည့်နေဂျာနယ်ထုတ်ရန် ငွေထုတ်ပေးသူကို ထိုင်းရဲဖမ်းဆီးပြီး မြန်မာသို့ လွှဲပြောင်းပေး

RangonNewsDaily:: July . 20 .2014
Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေရန် ငွေထုတ်ပေးသူနှင့် ဇနီးတို့ကို ထိုင်းနိုင်ငံ၊ မဲဆောက် မြို့၌ ဇူလိုင် ၁၆ ရက်တွင် ထိုင်း ရဲတပ်
ဖွဲ့က ဖမ်းဆီးကာ လွှဲပြောင်း ပေးခဲ့၍ ရန်ကုန်မြို့ရှိ စစ်ကြော ရေးစခန်းတွင် သတင်းတပ်ဖွဲ့မှ စစ်ဆေးနေကြောင်း သတင်းရရှိ သည်။
Bi မွန်းတည်နေဂျာနယ် ထုတ်ရန်ငွေထုတ်ပေးထားသော ဦးကျော်မင်း ဇနီးမောင်နှံနှင့်အ တူ ဦးယဉ်မင်းထွန်းတို့ကို ထိုင်း နိုင်ငံ
ရဲတပ်ဖွဲ့မှ လူဝင်မှုကြီးကြပ် ရေးဥပဒေဖြင့် ဇူလိုင် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ဖမ်းဆီးကာ ညနေ ၄ နာရီ မိနစ် ၅၀ အချိန်တွင် မြ၀တီမြို့ရှိ အထူးသတင်း တပ်ဖွဲ့(SB) ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

‘‘ထိုင်းရဲ့ လ၀ကဥပဒေနဲ့ ဖမ်းပြီး SB ဆီလွှဲခဲ့တာ’’ဟု တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၈ ရက်တွင်ပြောသည်။
::
၎င်းတို့ သုံးဦးကို ဖမ်းဆီး စစ်ဆေးကာ ယခင်က ဖမ်းခဲ့သော ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ၊ အမှုဆောင်အယ်ဒီတာနှင့်အကြီး တန်းသတင်းထောက်တို့ကိုစွဲဆို ထားသည့် ၅(ဃ)/(ည) ပုဒ်မတို့ ဖြင့် အမှုတွဲတစ်ခုတည်းဖြစ် ကြောင်း ပန်းဘဲတန်းမြို့မရဲစခန်း မှ တာဝန်ကျရဲအရာရှိတစ်ဦးက ဇူလိုင် ၁၈ ရက်တွင်ပြောသည်။

‘‘ဒီကိစ္စက သတင်းတပ်ဖွဲ့က စစ်ဆေးနေတာ။ သူတို့တွေခုနစ် ယောက်လုံးကို ကျွန်တော်တို့ စခန်းက မမြင်ဖူးဘူး။ စခန်းမှာ အမှုလာဖွင့်လို့လက်ခံထားတာ။ အရင်အမှုတွဲ၊ အရင်နံပါတ်တွေ၊ အရင် ၅ ညပုဒ်မပဲတင်ပါဆိုလို့ အဲဒီအတိုင်း အမှုဖွင့်ပေးထား တယ်။ သူတို့တွေ ရန်ကုန်ရောက် နေပြီဆိုတာတော့ သိရတယ်’’ဟု အဆိုပါရဲအရာရှိကပြောသည်။
::
ယခုအခါ Bi မွန်းတည့်နေ ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦး အောင်သန့်၊ အမှုဆောင်အယ်ဒီ တာ ဦးရဲမင်းအောင်၊ အယ်ဒီတာ ကိုဝင်းတင်တို့ကို ဇူလိုင် ၈ ရက် တွင် ဖမ်းခဲ့သည်။ ထို့နောက် ဇူ လိုင် ၉ ရက်တွင် အကြီးတန်း သတင်းထောက်ဦးမင်းဝဿန်ကို ထပ်မံဖမ်းဆီးခဲ့သည်။ ထို့ကြောင့် Bi မွန်းတည့်နေဂျာနယ်နှင့် ပတ် သက်သူ စုစုပေါင်းခုနစ်ဦးရှိပြီဖြစ် သည်။

‘‘ဦးကျော်မင်းက ထုတ်လုပ် သူလည်း မဟုတ်ဘူး။ ရာထူးက လည်း နုတ်ထွက်ပြီးသားပါ။ ဂျာ နယ်ထုတ်တာကို ငွေကြေးထုတ် ပေးတာပါ။ သူတို့က ဂျာနယ်မ ထွက်ခင်ကတည်းက မဲဆောက် ရောက်နေတာပါ။ 
::
သူတို့ ဇူလိုင် ၁၆ ရက်နေ့မှာ မဲဆောက်မှာ ဖမ်း ခံရတယ်ဆိုတာ မိသားစုတွေက ညနေမှ သိရတာပါ။ အခုဆို နှစ် ရက်ရှိနေပြီ။ ရမန်ယူရတော့မှာ။ အခုတော့ အကျိုးအကြောင်း ဘာ မှ ထပ်မသိရဘူးဖြစ်နေတယ်။ သိ ချင်ပါတယ်’’ဟု ဦးကျော်မင်း၏ မိသားစုဝင်တစ်ဦးကပြောသည်။

ဇူလိုင် ၂၂ ရက် အင်္ဂါနေ့တွင် ယခင်က ဖမ်းဆီးထားသူလေးဦးကို ပန်းဘဲတန်းမြို့နယ် တရားရုံး ၌ ပထမအကြိမ်ရုံးထုတ် စစ် ဆေးရန် ချိန်းဆိုထားသည်။ ဇူလိုင် ၂၅ ရက်တွင် Bi မွန်းတည့်နေဂျာ နယ်၊ အတွဲ ၁၊ အမှတ်စဉ် ၃၀ ကိုထုတ်ဝေရန်စီစဉ်နေကြောင်း ဂျာနယ်တိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
::
Bi မွန်းတည့်နေဂျာနယ်ကို အမျိုးသမီးတစ်ဦး၏ အမည်ဖြင့် ထုတ်ဝေနေသည်။

7Day Daily ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment