Pages

Pages - Menu

Wednesday, June 25, 2014

PRစနစ်ကို ကျင့်သုံးရန် တင်သွင်းခဲ့သူ ဒေါ်ခင်ဝိုင်းကြည်၏ နေအိမ်ဖောက်ထွင်းခံရ


RangonNewsDaily:: June . 25 .2014
အချိုးကျကိုယ်စားပြုစနစ်(PR) ကို ကျင့်သုံးရန် လွှတ်တော်တွင်တင်သွင်းခဲ့သူအမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ
 အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည်၏အိမ် ဖောက်ထွင်းခံရလိုက်ရကြောင်း ကာယကံရှင်က ဆိုသည်။ 
ဒေါ်ခင်ဝိုင်းကြည်၏ နေအိမ်မှာ ဇွန်လ၂၃ရက်နေ့ ညအချိန်က ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီးယင်းအပေါ် ၄င်းအနေဖြင့် အမှု မဖွင့် ပါ ဟု ၄င်းကပြောသည်။ အမျိုးသားဒီမိုက ရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒေါ်ခင်ဝိုင်းကြည်အိမ်ဖောက်ခံရမှုနှင့် ပတ်သက်ပြီး ပီအာစနစ်ကို ကျင့်သုံးရန်လွှတ်တော်တွင်း
တင်သွင်းခဲ့သည့် ကိစ္စနှင့် တိုက်ဆိုင်မှုပဲဆိုဆို ဘာကြောင့်ဆိုဆို မရိုးသားမှုရှိနိုင်သည်ဟု ခံစားရကြောင်းပြောသည်။ 

အိမ်ဖောက်ထွင်းခံရသူ ဒေါ်ခင်ဝိုင်းကြည်က “မှတ်ပုံတင်တို့ လွှတ်တော်တက်တဲ့ကတ်တို့အကုန်ပြန်တွေ့တယ်။တယ်လီဖုန်းတစ်လုံးပဲပါသွားတယ် အန်တီကို သက်ဆိုင်ရာလူကြီးတွေကို ပြောတယ် အမှုဖွင့်ဖို့ အန်တီကတော့ အမှုမဖွင့်ဘူး ဘာလို့လဲဆိုတော့ ကြောက်စရာကောင်းတယ် တကယ်လုပ်တဲ့သူအတွက်လည်း အန်တီကသားသမီးချင်းကိုယ်ချင်းစာလို့ပါ ”ဟု ဆိုသည်။ 

အချိုးကျကိုယ်စားပြုစနစ်(PR) ကို အမျိုးသားလွှတ်တော် တွင် အဆိုတင် ခဲ့ခြင်းနှင့် မသတ်ဆိုင်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တချို့က လည်း ၄င်းတို့၏ အမြင်များကို ပြောသည်။ အမျိုသားဒီမိုကရေစီအင်အားစုပါတီမှ ပုဇွန်တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က “အချိုးကျကိုယ်စားပြုစနစ်နဲ့ သတ်ဆိုင်မှု ရှိမရှိကတော့ မပြောနိုင်သေးဘူး ဒါပေမဲ့ ကျွန်တော်လည်း ပြည်သူ့လွှတ်တော်မှာ ဒီစနစ်ကိုတင်ထားတယ် ဒါပေမဲ့ ကျွန်တော်က တော့ဘာမှမဖြစ်သေးဘူးလေ”ဟု ၄င်းက ဆိုသည်။ 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လည်း အချိုးကျကိုယ်စားပြုစနစ် (PR)နှင့် ပတ်သက်ပြီး ဇွန်လ၂၃ရက်နေ့က ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည် ။ ထိုကြေငြာချက်ထဲတွင် အချိုးကျကိုယ်စားပြုစနစ်အားလွှတ်တော်တွင်တင်ခဲ့သူ ကိုယ်စားလှယ်အား တယ်လီဖုန်းနှင့်ခြိမ်းခြောက်ပြောဆိုခြင်း လွှတ်တော်ထဲတွင်စောင်းမြောင်းပြောဆိုခြင်း များရှိကြောင်းစသည့်အချက်များ ကြေငြာချက်ထဲတွင်ပါရှိသည်။စိုင်းလမင်း 

ဓါတ်ပုံ-hla oo1980
Popular Myanmar , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment