RangonNewsDaily:: June . 19 .2014
အမေရိကန် သုတေသီများသည် စိတ်ကို ဖတ်နိုင်ပြီး ဝတ်ဆင်၍ ရသော ကင်မရာ တစ်မျိုးကို ထုတ်လုပ်ခဲ့ကြသည်ဟု အင်
တာနက် သတင်းတစ်ပုဒ် ၏ ဖော်ပြချက် အရ သိရသည်။
အဆိုပါ ကင်မရာကို Neurocam ဟုအမည်ပေးထားပြီးတိုကျို အခြေစိုက် Neurowear ကုမ္ပဏီမှ ထုတ်လုပ်ထားခြင်း ဖြစ်
သည်ဟု သိရသည်။ အဆိုပါ ကင်မရာတွင် ဝတ်ဆင်သူ၏ ဦးနှောက်အတွင်းရှိ လျှပ်စစ် လှုပ်ရှားမှုများကို ထောက်လှမ်းနိုင်
သည့် အာရုံခံ ကိရိယာများကို ပေါင်းစပ် ထည့်သွင်းထားသည်ဟု သိရသည်။
အဆိုပါ ကင်မရာသည် ဝတ်ဆင်သူ မြင်တွေ့ရသည့် မြင်ကွင်းများ အပေါ်၌ ဝတ်ဆင်သူ၏ စိတ်ဝင်စားမှု အဆင့်ကို ဦးနှောက် လျှပ်စစ် လှုပ်ရှားမှု အနည်းအများပေါ်တွင် မူတည်၍ ဖော်ပြပေးနိုင်ကြောင်း၊ Neurocam တွင် ၎င်း၏မှတ်
ဉာဏ် အဖြစ် ဘက်ပေါင်းစုံ ပေါင်းစည်း ထားသော စမတ်ဖုန်း တစ်လုံးကို အသုံးပြုထားပြီး သိုလှောင်ကြားခံနယ် တစ်ခုနှင့် ကင်မရာ တစ်လုံးလည်း ပါဝင်သည်ဟု သိရသည်။
မြ၀တီ , KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment