Pages

Pages - Menu

Saturday, June 14, 2014

အဆို တော် နီနီ ခင်ဇော်၏ “မာရီယို” MTV ဇူလိုင်လ ဆန်းတွင် ထွက်မည်




RangonNewsDaily: June . 14 .2014
အဆိုတော် နီနီခင်ဇော် ရဲ့ “မာရီယို” MTV ရိုက်ကူးမှု ပြီးစီးသွားခဲ့ပြီ ဖြစ်တဲ့ အတွက် ဇူလိုင်လဆန်း ပိုင်းမှာ ထွက်ရှိနိုင်တော့ မှာဖြစ်ကြောင်း သိရပါတယ်။ နီနီခင်ဇော် ရဲ့ တစ်ကိုယ်တော် အခွေဖြစ်တဲ့ “မာရီယို” တေးစီးရီး အကြောင်းကို နီနီခင်ဇော်က “၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့ မှာ နီနီရဲ့ ပထမဆုံး တစ်ကိုယ် တော် အခွေဖြစ်တဲ့ “မာရီယို” ကို ထွက်နိုင်ခဲ့တယ်။ 

နီနီက တစ်ဖက် ကလည်း ဆေးကျောင်းတက်နေရတာ ဖြစ်တဲ့အတွက် နှစ်အလိုက် Plan တွေဆွဲထားတယ်။
ဒီအချိန်မှာ တစ်ကိုယ်တော် အခွေ ထွက်နိုင်အောင် လုပ်မယ်ပေါ့။ နီနီရဲ့ “မာရီယို” အခွေထဲက ကိုဆောင်း

ဦးလှိုင် ရေးတဲ့ “မျှော်လင့်ချက် တစ်စုံတစ်ရာ” သီချင်းက ရွှေ FM ဆုပေးပွဲမှာ ဆုရခဲ့တယ်။ 

အဲဒီအတွက် နီနီ ကျေနပ်ပြီး ပီတိဖြစ်တာမျိုး ထက် ဒီ့ထက်ပိုပြီး ကြိုးစားရမယ် ဆိုတဲ့ အသိဝင်လာပါတယ်”လို
့ ပြောပါတယ်။ ဂီတသက် တမ်း ၆နှစ်ကျော် ၇ နှစ် အတွင်းမှာ အတွဲခွေ၃ဝ နီးပါး ခန့် ပါဝင်သီဆို ထားပြီးဖြ
စ်တဲ့ တေးသံရှင် နီနီ ခင်ဇော်က ပရိသတ် လက်ခံအားပေးခဲ့တဲ့ သီချင်း တွေနဲ့ ပတ်သက်ပြီး “၂ဝဝ၈ Melody World အခွေက ပထမဆုံး ပါပဲ။ နီနီပြိုင်ပွဲဝင်ခဲ့တုန်းကဆိုခဲ့တဲ့ “ရပ်” သီချင်းကတော့ နီနီ့ရဲ့ဘဝအစ ပထမ
ဆုံးပါပဲ။

နောက် တော့ “မိုးတိမ် ကဗျာ” သီချင်းတို့၊ “ရန်သူ”သီချင်း တို့နဲ့ ပရိသတ် ပိုပြီး အသိအမှတ်ပြုလာခဲ့တယ်။ အတွဲခွေတွေ မှာတော့ ထက်ထက်နဲ့ ဆိုခဲ့တဲ့ “ယုံကြည်နေလိုက်”၊ ကိုလွှမ်းပိုင် နဲ့ ဆိုခဲ့တဲ့ “Best Friend”တို့၊ ကိုနိုင်းဝမ်း နဲ့ ဆိုခဲ့တဲ့ “အရောင်မဆိုးနဲ့” သီချင်းခွေတွေ မှာ လူငယ် ပရိသတ်တွေရဲ့ လက်ခံအား ပေးမှုကို ရရှိခဲ့ပါတယ်” လို့ နီနီခင်ဇော် က ပြောပါတယ်။


Popular News ,
KOLATT(PBDN)

RangonNewsDaily


No comments:

Post a Comment