Pages

Pages - Menu

Sunday, June 15, 2014

ပြင်သစ်အသင်း၏ လေ့ကျင့်ရေး အစီအစဉ်များကို မောင်းသူမဲ့ လေယာဉ်ဖြင့် ထောက်လှမ်းမှုအား FIFA စုံစမ်းနေ


RangonNewsDaily:: june . 15 .2014
ပြင်သစ် လက်ရွေးစင် ဘောလုံးအသင်း၏ လေ့ကျင့်ရေး အစီအစဉ်များကို မောင်းသူမဲ့ လေယာဉ် (Drone)ဖြင့် ထောက်လှမ်းမှုများ ရှိခဲ့သည်ဆိုသော စွပ်စွဲချက်ကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)က စုံစမ်းမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။
ဇွန်လ(၁၄)ရက်နေ့တွင် ပြင်သစ်နည်းပြ ဒီဒီရာဒက်စ်ချမ့်က ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဘရာဇီး နိုင်ငံရှိ၊ ရစ်ဘီရာရို ပရီတိုတွင် မိမိတို့အသင်း လေ့ကျင့်နေစဉ် ကင်မရာများ တပ်ဆင်ထားသည့် လေယာဉ်ငယ်လေးတစ်စင်းက ဝဲပျံထောက်လှမ်းခဲ့ကြောင်း သတင်းထောက်များထံ ပြောကြားခဲ့သည်။

ဘိုတာဖိုဂို အသင်း၏ ဆန်တာခရုဇ် ကွင်းကြီးတွင် လေ့ကျင့်ခန်း ဆင်းနေစဉ် အဆိုပါ Drone လေယာဉ်ငယ်လေး ပျံဝဲလာခြင်းဖြစ်ပြီး ပြင်သစ်ကစားသမားများက တစ်စုံတစ်ဦး၏ နောက်ပြောင်မှုအဖြစ် ယူဆခဲ့သော်လည်း ဒက်စ်ချမ့်ကမူ လေ့ကျင့်ရေး အစီအစဉ်များကို ယာယီ ရပ်ဆိုင်းစေခဲ့သည်။

ဒက်စ်ချမ့်က “Droneတွေကို အသုံးပြုတဲ့ နယ်ပယ်က ကျယ်သထက် ကျယ်လာနေပါတယ်။ ဒီကိစ္စကတော့ ကျွန်တော်နဲ့ တိုက်ရိုက် မပတ်သက်ပါဘူး။ FIFAက တာဝန်ယူ ကိုင်တွယ်နေပါတယ်။ စုံစမ်းမှုတွေလည်း လုပ်နေပါတယ်။

ကျွန်တော်တို့ အနေနဲ့တော့ ကိုယ့်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ထောက်လှမ်းခံရတာမျိုး မလိုလားပါဘူး။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ ခုလိုအနေအထားတွေကို ထိန်းချုပ်ဖို့က အရမ်းခက်ခဲနေပါပြီ”ဟု ပြောကြားခဲ့သည်။

ယင်းDrone လေယာဉ်ငယ်ကို ပြင်သစ်နှင့် တစ်အုပ်စုတည်း ပြိုင်ဘက်ဖြစ်သည့် ဟွန်းဒူးရပ်စ် အသင်းက စေလွှတ်ခဲ့ခြင်းဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သော်လည်း ဟွန်းဒူးရပ်စ် အသင်းတာဝန်ခံက ငြင်းဆန်ထားသည်။

Daily Mail, 7Day Daily , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment