Pages

Pages - Menu

Saturday, June 7, 2014

ချိန်ဘာလိန်ကို ကမ္ဘာ့ဖလားခေါ်သွားမည်ဟု ဟော့ဒ်ဆန်ကတိပေး


RangonNewsDaily: June . 7 .2014
အင်္ဂလန်အသင်း နည်းပြချုပ် ရွိုင်းဟော့ဒ်ဆန်က အီကွေဒေါနှင့် ပွဲစဉ်တွင် ဒဏ်ရာရခဲ့သည့် ချိန်ဘာလိန် အနေဖြင့် အုပ်စုပွဲစဉ်များကို လွဲချော်မည် ဆိုလျှင်ပင် အသင်း၏ လူစာရင်း၌ ဆက်လက်ရှိနေခွင့် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် ၂၀ အရွယ်ရှိ အဆိုပါ တောင်ပံကစားသမားသည် အီကွေဒေါကို အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ဒူးဒဏ်ရာ ရခဲ့ခြင်း ဖြစ်ပြီး ၎င်းအနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို လွဲချော်နိုင်ခြေ ရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့ရာ အဆိုပါ ခန့်မှန်းမှုများ အားလုံးကို ဟော့ဒ်ဆန်က ပယ်ချလိုက်ပြီး သူ၏ ကွင်းလယ်လူမှာ အသင်း၏ လူစာရင်းတွင်သာ ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ အနေနဲ့ ချိန်ဘာလိန်ကို ခေါ်သွားနိုင်ဖို့ တတ်နိုင်တာ မှန်သမျှကို လုပ်ကြမှာပါ။ ကျွန်တော်တို့ ဆေးအဖွဲ့က ချိန်ဘာလိန် ကမ္ဘာ့ဖလားကို လိုက်နိုင်မယ်လို့ မျှော်လင့်ထားသလို ချိန်ဘာလိန် ကိုယ်တိုင်ကလည်း မျှော်လင့်ထားပါတယ်။ သူဘယ်လောက်ထိ နားရဦးမလဲ ဆိုတာကတော့ မသေချာပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ ရှုံးထွက်အဆင့် ရောက်မှ ၀င်ကစားနိုင်မယ် ဆိုရင်တောင် ကျွန်တော် သူ့ကို ခေါ်သွားမှာပါ"ဟု ဟော့ဒ်ဆန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန် အသင်းသည် ယနေ့ညတွင် ဟွန်ဒူးရပ်စ် အသင်းနှင့် နောက်ဆုံး ခြေစမ်းပွဲကို ကစားမည် ဖြစ်သည်။ အင်္ဂလန် အသင်းသည် ဇွန်လ ၁၄ ရက်တွင် အုပ်စု (ဃ)၏ အဖွင့်ပွဲအဖြစ် အီတလီအသင်းနှင့် မီးနော့စ်မြို့တွင် ကစားရမည် ဖြစ်သည်။

Ref: Goal , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment