Pages

Pages - Menu

Sunday, June 22, 2014

သီရိလင်္ကာတွင် မွတ်စလင်များအား အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ဘုန်းကြီး တပါး ကိုယ်လုံးတီးချွတ် ရိုက်နှက်ခံရ


RangonNewsDaily:: June . 22 .2014
- အစ္စလာမ်ဘာသာဝင်များကို တိုက်ခိုက်သည်ဟု အပြစ်တင်ခြင်းခံနေရသည့် သဘောထားတင်းမာသော BBS အဖွဲ့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည့် သီရိလင်္ကာ ဘုန်းတော်ကြီးတစ်ပါးမှာ ပြန်ပေးဆွဲခံခဲ့ရပြီး၊ ရိုက်နှက်ခံခဲ့ရသည်ဟု သိရသည်။
သီရိလင်္ကာ ဇတ္တိကဗလသိန အဖွဲ့ခေါင်းဆောင် ဘုန်းတော်ကြီး ဗာတာရိက ဗိဇိသ သီရိုမှာ အစ္စလာမ်မုန်းတီးရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေပြီး သီရိလင်္ကာရှိ အစ္စလာမ်ဘာသာဝင်များအား တိုက်ခိုက်မှုများတွင် ကြိုးကိုင်နေသည်ဟု အပြစ်တင်ခြင်းခံနေရသော ဆင်ဟာလာ ဗုဒ္ဓဘာသာအဖွဲ့ ဘူဒေါဗလသိန BBS ၏ လုပ်ရပ်များကို ဆန့်ကျင်ခဲ့သောကြောင့် ဗုဒ္ဓဟူးနေ့ညက မြို့တော်ကိုလံဘို ဆင်ခြေဖုံးဒေသတွင် ပြန်ပေးဆွဲ၊ ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။

ဘုန်းတော်ကြီး သီရိုကို ပါနာဒူရာမြို့လမ်းဘေးတွင် လက်များ၊ ခြေထောက်များကို ကြိုးဖြင့်ချည်နှောင်လျက် ကိုယ်လုံးတီးတွေ့ခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ သင်္ကန်းနှင့် ပိုက်ဆံအိတ်ကို အနီးနားတွင် တွေ့ရှိခဲ့ရသည်။ အဆိုပါ ဘုန်းတော်ကြီးအား ကြာသာပတေးနေ့ နံနက်ပိုင်းက ကားတစ်စီးပေါ်မှ လာရောက်ပစ်ချသွားသည်ဟု အနီးအနားတွင် နေထိုင်သူ ရှီဟန် ကာပူဂျီက ပြောကြားခဲ့သည်။

ဘုန်းတော်ကြီး သီရိုအား ကိုလံဘိုမြို့ရှိ အမျိုးသားဆေးရုံးကြီးသို့ ပင့်ဆောင်ကာ ဆေးကုသပေးနေသည်ဟု အဆိုပါဆေးရုံ လက်ထောက်ဒါရိုက်တာ ဒေါက်တာ ပရာဆဒ် အရိယာဝန်ရှာက အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။ သီရိုမှာ သီရိလင်္ကာ အာဏာရပါတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ အစိုးရအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

Ref: Al Jazeera , M-Media , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment