Pages

Pages - Menu

Wednesday, June 18, 2014

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းရာတွင် ဖော့စ်ဖရပ်ပါသော ဗုံးသုံးခြင်း အစိုးရမတောင်းပန်၍ နိုင်ငံတကာတရားရုံးသို့ တင်ပြမည်

RangonNewsDaily:: June . 18 .2014
‘‘ဖြစ်ခဲ့တာ တစ်နှစ်ကျော် ၂ နှစ်ထဲ ရောက်နေပြီး အစိုးရက အ ခုချိန်ထိ ဘာမှလုပ်ပေးတာ မရှိ ဘူး။ အဲဒီကိစ္စတွေအတွက် အ ရေးယူပေးဖို့ နိုင်ငံတကာအဆင့် အထိတင်ဖို့ ပြင်ဆင်နေပါတယ်။ JT က ဒီကိစ္စကို ပူးပေါင်းဆောင် ရွက်ပေးမှာပါ။ JT က ရှယ်ရွန်ကုမ္ပဏီကိုတောင်တရားစွဲခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်’’ဟု ရှေ့နေ များကွန်ရက်တွဲဖက်အတွင်းရေးမှူးသိန်းသန်းဦး
က ပြောသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုနှင့်ပတ် သက်ပြီး ထိခိုက်နစ်နာသူများ
ကို ဥပဒေအစောင့်အရှောက်များပေး ရန် JT နှင့် ရှေ့နေကွန်ရက်တို့ ပူးပေါင်းပြီး အထောက်အထား များ၊ အချက်အလက်
များကို လိုက်လံစုဆောင်းခြင်းများ ပြုလုပ်နေ ကာ ဥပဒေစောင့်ရှောက်မှုများ ပေးရန် နိုင်ငံတကာ တရားရုံး သို့ မကြာမီ တင်ပြနိုင်မည်ဖြစ် ကြောင်း ဦးသိန်းသန်းဦးက ပြော သည်။

ဖော့စ်ဖရပ်ပါသောဗုံးမှာ ၁၉၈၀ ပြည့်နှစ်ကတည်းက ဂျီနီ ဗာကွန်ဗင်ရှင်းအရ ကန့်သတ် ထားသည့် စစ်လက်နက်ပစ္စည်း ဖြစ်ပြီး ထိုပစ္စည်းအသုံးပြုမှုနှင့် ပတ်သက်ပြီး မှားယွင်းပါသည်ဟု အစိုးရက ၀န်ချတောင်းပန်ထား ခြင်းမရှိကြောင်း၊ ထို့ကြောင့် နိုင်ငံ တကာအဆင့်အထိ ဆောင်ရွက် ရန် ၎င်းတို့အဖွဲ့ ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း JT အဖွဲ့မှ ပါမောက္ခ ဒေါက်တာ ရော်ဂျာနော်မန့်က ပြောသည်။

စုံစမ်းစစ်ဆေးရေး ကော်မ ရှင်က မီးခိုးဗုံးဟုသာ သုံးနှုန်းထား ပြီး ယင်းဗုံးကို ၂၀၀၇ ခုနှစ်က လည်း အသုံးပြုခဲ့ကြောင်း၊ ကွင်းပြင်များတွင် ပစ်ချပါက မီးလောင်နိုင်မှုမရှိသော်လည်း ပိုလီယက်စတာ အ၀တ်စများ၊ တာပေါ်လင်ခေါ် ပလတ်စတစ် များနှင့် ထိတွေ့ပါက မီးလောင် နိုင်ကြောင်း ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော လက်ပံ တောင်းတောင် စုံစမ်း

စစ်ဆေး ရေးကော်မရှင်၏ အပြီးသတ်စစ် ဆေးတွေ့ရှိချက်များ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ရှေ့နေကွန်ရက်များအဖွဲ့ နှင့် JT တို့က ဒေသခံများနှင့် အ ကြမ်းဖက်သည့်နေရာမှ အပိုင်းအ စများကို ယူ၍ ထိုင်းနိုင်ငံရှိ ဓာတ် ခွဲခန်းတွင် စမ်းသပ်စစ်ဆေးရာ ယင်းကဲ့သို့ တွေ့ရှိရခြင်း ဖြစ် သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment