Pages

Pages - Menu

Thursday, June 5, 2014

ကျောင်းစင်္ကြံန်လမ်းပြိုကျ၍ ရန်ကုန်ပို့ဆေးကုရသည့်ကျောင်းသူဒဏ်ရာသက်သာ

RangonNewsDaily: June . 5 .2014
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း စင်္ကြံန်လမ်းပြိုကျရာမှ ထိခိုက်ဒဏ်ရာပြင်းထန်၍ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကာ ဆေးကုသရသည့် ကျောင်းသူ မသဲပုံချစ်မှာ ဒဏ်ရာသက်သာနေ၍ မကြာမီ ဆေးရုံက ဆင်းနိုင်တော့မည်ဟု ဆေးရုံသို့လိုက်လံစောင့်ရှောက်သည့် အလယ်တန်းပြ ဆရာကြီး ဦးသန်းဦးကပြောသည်။
"အကုန်လုံး ကောင်းသွားပြီ။ တပတ်လောက် ဆေးရုံမှာနေပြီးရင် ဆေးရုံဆင်းရတော့မယ်" ဟု ဆရာကြီး ဦးသန်းဦး
ကပြောသည်။

ဇွန်လ၂ ရက် နံနက် ၈နာရီက ပုတီးကုန်းအခြေခံပညာ အထက်တန်းကျောင်း ပတ္တမြားဆောင် အပေါ်ထပ် စင်္ကြံန်လမ်း အဋ္ဌမတန်း(D)ရှေ့ ၀ရန်တာပြိုကျခဲ့ရာ ကျောင်းသား/သူ ၁၇ဦးဒဏ်ရာရရှိခဲ့ပြီး ပုတီးကုန်းဆေးရုံတွင် အတွင်းလူနာအဖြစ် ၉ဦး၊ အပြင်လူနာအဖြစ် ၈ဦး ကုသခဲ့ရသည်။ အတွင်းလူနာ ၉ဦးထဲမှ မသဲပုံချစ်ကို ခါးဆစ်ရိုးကျိုးသွား၍ ရန်ကုန်သို့ ပို့ဆောင် ကုသခဲ့ရခြင်း ဖြစ်သည်။


ဆေးစစ်ချက် အဖြေများအရ ကျောင်းသူ မသဲပုံချစ်၏ ကျောရိုး ကျိုးအက်ခြင်းဒဏ်ရာမှာ ခွဲစိတ်ကုသရန်မလိုအပ်ဟု ဆရာ

ကြီး ဦးသန်းဦး ကပြောသည်။

အဆိုပါအခြေခံပညာအထက်တန်းကျောင်းသည်၁၉၅၂ခုနှစ်တွင်တည်ဆောက်ခဲ့သည့် နှစ်ထပ်ပတ်ကားကျာင်းဆောင်ဖြစ်

သည်။ သဲကုန်းအခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသား/
သူ (၁၄၉၉)ဦး ပညာသင်ကြားနေသည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment