Pages

Pages - Menu

Wednesday, June 11, 2014

ပီနန်ဆရာတော်ကြီး၏သန္နိသုခကျောင်းတော်ကြီးဖြစ်စဉ်


မကြာသေးမီရက်ပိုင်းအတွင်းက ပီနန်ဆရာတော်ကြီးအား သီတဂူဆရာတော်ကြီး
မှလာရောက်တွေ.ဆုံခဲ့ပါတယ်။ ဒါပေမယ့် ယနေ.ညမှာတော့ ..........................

RangonNewsDaily: June . 11 .2014
ပီနန်ဆရာတော်ကြီးမှ အဆိုပါသန္နိသုခကျောင်းတော်ကြီး မြေနေရာကို ဆရာတော်ကြီးအမည်ပေါက်ဖြင့် တပည့်ဒကာ၊ဒကာမများ စုပေါင်းအလှူငွေဖြင့်တည်ဆောက်ခဲ့ပါတယ်။ 

နောက်ပိုင်း စစ်အစိုးရက ဝေဖန်မှုတွေပြုတဲ့အပေါ် ဆရာတော်ကြီးကို ပြည်ဝင်ခွင့်မပေးတော့ပဲ အဆိုပါကျောင်းတော်ကြီး
ကို သိမ်းယူလိုက်ကာ နိုင်ငံတော်သံယနာယကအဖွဲ.သို.လွှဲအပ်ထားခဲ့ပါတယ်။ 

တိုင်းပြည်ပြောင်းလဲလာတဲ့အခါ ပီနန်ဆရာတော်ကြီး မြန်မာပြည်သို.ပြန်ကြွလာချိန်မှာ ဆရာတော်ပိုင်ဆိုင်တဲ့ သန္နိသု

ခကျောင်းတော်ကိုပြန်လည်သတင်းသုံးရယူခဲ့ရာ၊ နိုင်ငံတော်သံယနာယကအဖွဲ.မှ၎င်းတို.ပိုင်ဆိုင်သည်ဟုဆိုပြီး
ဆရာတော်ကိုဖယ်ရှားခိုင်းခဲ့ပါတယ်။ 

အဆိုပါဖြစ်ရပ်ကို သီတဂူဆရာတော်ကြီးကိုယ်တိုင်က ပီနန်ဆရာတော်ကြီးဘက်မှ မားမားမတ်မတ်ရပ်တည်လျက် နိုင်

ငံတော်သမတထံ မေတ္တာရပ်ခံထားဆဲဖြစ်ပြီး၊ ယခုအချိန်အခါ ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို.ကြွရောက်နေစဉ် ရဲတပ်ဖွဲ.များနှင့်သာသနာရေးဦးစီးဌာနမှ အတင်းဝင်ရောက် သိမ်းယူနေခြင်းဖြစ်ပါကြောင်း ပီနန်ဆရာတော်ကြီး၏တပည့်
တစ်ဦးမှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment