RangonNewsDaily:: June . 27 .2014
ဆောက်သမ်တန် နောက်ခံလူ လုခ်ရှောကို ပေါင် (၃၄)သန်းဖြင့် ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှု ရရှိခဲ့ကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြသွားသည်။
လုခ်ရှောမှာ ပြီးခဲ့သည့် မေလကတည်းကဆောက်သမ်တန်အသင်းမှ ထွက်ခွာရန် စိတ်အားထက်သန်ခဲ့သော်လည်း နည်းပြသစ် မခန့်အပ်ရသေးခြင်းကြောင့် လုခ်ရှောကို ရောင်းချရန် ဆောက်သမ်တန်အသင်း အချိန်ယူခဲ့ခြင်းဖြစ်သည်။
လုခ်ရှောအနေဖြင့် အသက်(၁၈)နှစ်အရွယ်တွင် ပြောင်းရွှေ့ကြေးပေါင်(၃၄)သန်း တန်ကြေးရှိခြင်းကြောင့် ပြောင်းရွှေ့ကြေးအများဆုံး လူငယ် ကစားသမားအဖြစ် စံချိန်တင်နိုင်မည်ဖြစ်ပြီး မန်ယူတွင် တစ်ပတ်လုပ်ခ
ပေါင်(၁၀၀၀၀၀)ရရှိမည်ဖြစ်ဟု သိရသည်။
ဆောက်သမ်တန်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၆၀) ကစားပေးခဲ့ပြီး အင်္ဂလန်နှင့်အတူ (၃)ပွဲ ကစားခဲ့သည့် လုခ်ရှောအနေဖြင့် မန်ယူတွင် ပွဲထွက်ခွင့်ရရန် အီဗရာနှင့် အပြိုင်ကြိုးပမ်းရမည်ဖြစ်သည်။
ရိုးရာလေး , KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment