Pages

Pages - Menu

Thursday, June 19, 2014

ဒူးဒဏ်ရာထပ်ရ၍ အမေရိကန်နှင့်ပွဲတွင် ရော်နယ်ဒို ပါဝင်ရန် မသေချာ


RangonNewsDaily:: June . 19 .2014
ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုမှာ လေ့ကျင့်ရေးကွင်းတွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းကြောင့် ယခုလ ၂၂ရက်တွင် ကစား
မည့် အမေရိကန်နှင့်ပွဲစဉ်တွင်ပါဝင်ရန် မသေချာသေးကြောင်း သတင်းထွက်ပေါ်လာသည်။

ဘယ်ဘက်ဒူးအရွတ်ယောင်ယမ်းသည့် ဝေဒနာ ခံစားခဲ့ရသော ရော်နယ်ဒိုမှာ လေ့ကျင့်ရေးအစီအစဉ်မပြီးဆုံးမီ နာရီဝက်
အလိုတွင် လေ့ကျင့်မှုများ ရပ်နားပြီး ကုသမှု ခံယူခဲ့ရာက၎င်း၏ဒူးကို ရေခဲအိတ်ကပ်ခဲ့ရကြောင်း သိရသည်။

ရော်နယ်ဒိုမှာ ဂျာမနီနှင့်ပွဲစဉ် မကစားမီက ကြံ့ခိုင်မှုအပြည့်အ၀ ရနေပြီဟုဖွင့်ဟခဲ့သော်လည်း ပေါင်ဒဏ်
ရာနှင့် ဒူးဒဏ်
ရာများ ခံစားနေရသောကြောင့်အမေရိကန်နှင့်ပွဲစဉ်တွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်နိုင်ရန်မသေချာသေးပေ။ 

အဖွင့်ပွဲတွင် (၄)ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် ပေါ်တူဂီသည်နောက်ခံလူ ကွန်ထရာအိုကို ဆုံးရှုံးခဲ့ရပြီး ဗဟိုနောက်ခံလူ ပီပီမှာ
လည်းဂျာမနီနှင့်ပွဲတွင် မူလာကို ခေါင်းဖြင့်ဝှေ့ကာ ရန်စောင်ခဲ့ခြင်းကြောင့်(၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရဖွယ် ရှိနေကာ
 နောက်တစ်ဆင့်တက်ရန်အလွန်အရေးပါသည့် အမေရိကန်နှင့်ပွဲတွင် အဓိက ကစားသမားများကိုဆုံးရှုံးရဖွယ်ရှိနေသည်။

Football Café , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment