Pages

Pages - Menu

Monday, June 2, 2014

ဖာဘရီဂတ်စ်ကို ပေါင်သန်း ၃၀ ဖြင့်ရမည့်အခွင့်အရေးကို အာဆင်နယ်ပယ်ချ


RangonNewsDaily: June . 2 .2014
ဖာဘရီဂတ်စ်ကို ပေါင်သန်း ၃၀ ဖြင့်ရနိုင်သည့်အခွင့်အရေးရှိနေသော်လည်း အာဆင်နယ်အသင်းက ပယ်ချလိုက်သည်။
အင်္ဂလန်ဘောလုံးလောကသို့ ပြန်လာလိုသော ဖာဘရီဂတ်စ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဒေါက်တာ Dre ၏ Beats နားကြပ်ကြော်ငြာတွင် ပါဝင်သရုပ်ဆောင်ရန် လန်ဒန်သို့ရောက်ရှိခဲ့ပြီး ၎င်းအား လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေကြသည်။ ဘာစီလိုနာအသင်းအနေဖြင့် ဖာဘရီဂတ်စ်ကို ပေါင်သန်း ၃၀ ဖြင့် ရောင်းချလိုနေပြီး အာဆင်နယ်မှကမ်းလှမ်းမှုပြုပါက လက်ခံသွားမည်ဖြစ်သည်။
သို့သော်လည်း အသင်းလူစာရင်းတွင် အိုဇေးလ်နှင့် ကာဇိုလာတို့ရှိနှင့်ပြီးဖြစ်ရာ အာဆင်နယ်အသင်း အနေဖြင့် တိုက်စစ်ပိုင်းကိုသာ အင်အားဖြည့်တင်းရန် ပိုမိုလိုလားဖွယ်ရှိနေသည်။

ထို့ပြင် စာချုပ်သက်တမ်းတစ် နှစ်သာကျန်သည့် အာတီတာ၏နေရာတွင် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးခေါ်ယူလိုနေပြီး ဒေါ့တ်မွန်မှ ဘန်ဒါကို ကမ်းလှမ်းရန်အသင့်ဖြစ်နေသည်။ အာဆင်နယ်တွင် အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်က စွန့်ခွာခဲ့သည့် ဖာဘရီဂတ်စ်အနေဖြင့်မူ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ခွင့်မရသည့်အတွက် စိတ်ပျက် နေသည်။

၎င်းသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနှင့် ဆက်ဆံရေးကောင်းများရှိသော်လည်း လက်ရှိအချိန် တွင် အာဆင်နယ်၌ကွင်းလယ်ကစားသမားအင်အားတောင့်တင်းမှုကြောင့် အသင်းဟောင်းသို့ ပြန်လည်ပြောင်း ရွှေ့သင့်သည့် အချိန်ကောင်းမဟုတ်သေးဟု ယူဆရသည်။

Dailymail , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment