Pages

Pages - Menu

Sunday, June 8, 2014

အိန္ဒိယ ရွှေကျောင်းတော် ပဋိပက္ခ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရ


RangonNewsDaily: June . 8 .2014
အိန္ဒိယနိုင်ငံ ရွှေကျောင်းတော်၌ ဆစ်ခ်အုပ်စုများကြား ဓားကိုင် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့်လူပေါင်းများစွာထိခိုက်ဒဏ်
ရာရရှိခဲ့ကာ ရွှေကျောင်းတော်ကို စစ်တပ်က ၁၉၈၄ ခုနစ်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့မှု အောက်မေ့ဖွယ် အခမ်းအနား
ကျင်းပနေစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အောက်မေ့ဖွယ် အခမ်းအနားတွင် မည်သူက ဦးစွာ စကားပြောသင့်ကြောင်း အချင်းများရာမှ တစ်ဆင့်ဆစ်ခ်ဘာသာဝင်
များ၏ အမြင့်မြတ်ဆုံး ဘုရားကျောင်းတော်၌ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ကြောင်း သတင်းထောက်များက ပြောကြားသည်။

ဘုရားကျောင်းတော် လှေကားများအတိုင်း ပြေးဆင်းသွားသူများက ၎င်းတို့၏ ဓားများ ဝှေ့ရမ်းသွားသည်ကို မှတ်တမ်းများ

တွင် တွေ့နေရသည်။
::
ယင်းကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၃ ဦးကို ဆေးရုံသို့ တင်ပို့ ပေးထားရသည်။

အန်ရစ်စတာဒေသရှိ ရွှေကျောင်းတော်တွင်းရှိ ဆစ်ခ်ခွဲထွက်ရေး ဝါဒီများကို ကြယ်ပြာစစ်ဆင်ရေးဟု အမည်ပေးသွား

သည့် စစ်ရေးစီးနင်းမှုဖြင့် ၁၉၈၄ ခုနစ်တွင် ဖြေရှင်းခဲ့ခြင်းကြောင့် လူပေါင်း ၄၀၀ ကျော်နှင့် စစ်သား ၈၇ ဦး သေဆုံး
ခဲ့ကြောင်း အိန္ဒိယအစိုးရက ပြောကြားသည်။
::
သို့သော်လည်း သေဆုံးသူ အရေအတွက်မှာ အစိုးရအဖွဲ့ ပြောကြားသည်ထက် ပိုမိုပြီး ၁၀၀၀ နီးပါးထိ ရှိကြောင်း ဆစ်ခ်

အုပ်စုများက ပြောကြားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က ဖြစ်ပွားခဲ့သည့် သတ်ဖြတ်ခံရမှု ဖြစ်ရပ် အထိမ်းအမှတ်အဖြစ် ရာပေါင်းများစွာသော ဆစ်ခ်ဘာသာဝင်များက ဇွန်လ ၆ ရက်နေ့တွင် ရွှေကျောင်းတော်၌ စုဝေးခဲ့သော်လည်း နောက်ပိုင်းတွင် ပဋိပက္ခများအဖြစ် ပြောင်းလဲသွားခဲ့သည်။
::
“၁၉၈၄ အာဇာနည်တွေကို အောက်မေ့သတိရဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ အဲဒီအဖြစ်အပျက်က အရမ်းဝမ်း

နည်းဖို့ ကောင်းပါတယ်” ဟု ပန်ဂျပ်ပြည်နယ် အာဏာရပါတီ ဆီရိုမာနီ အကာလီအဲ၏ ပြောရေးဆိုခွင့်ရှိသူ ဆင်းချဒူမာ
ရာက ပြောကြားသည်။

“ရွှေကျောင်းတော်က ဒီနေ့မှာလည်း ဂုဏ်သိက္ခာမဲ့ ဖြစ်ရပြန်ပြီ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
::
အထွတ်အမြတ်ထားရာ ရွှေကျောင်းတော်အတွင်း ပဋိပက္ခဖြစ်ပွားခြင်းကို လက်မခံနိုင်ကြောင်း အဆိုပါ ဖြစ်ရပ်တွင်း ပါဝင်

သူများကို ကျောင်းစီမံရေးအဖွဲ့က အရေးယူသွားမည် ဖြစ်ကြောင်း ဆင်းချဒူမာရာက မှတ်ချက်ပြုသည်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment