Pages

Pages - Menu

Wednesday, June 25, 2014

ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်းတွင် ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ် ဂိတ်ပိုင်ရှင်များ စတင်ဆန္ဒပြမည်

RangonNewsDaily:: June . 25 .2014
မန္တလေးမြို့ရှိ စတင် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်သော ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်း တွင် ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းမှ ဂိတ်ခန်း ပိုင် ရှင်များက စတင်ဆန္ဒဖော်ထုတ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။မန္တလေးမြို့ အမရပူရမြို့ နယ် ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းတွင် ဂိတ်ခန်း ငှားရမ်းခများ နှစ်ဆမြင့်တက် လိုက်၍ မကျေနပ်သဖြင့် ဂိတ်ပိုင် ရှင်များက ဇန်န၀ါရီ ၁၀ ရက် တွင် ကုန်တင်ယာဉ်ရပ်နားစခန်း ၀င်းအတွင်း၌ ဆန္ဒပြခွင့်တင်ခဲ့ရာ ဆန္ဒထုတ်ဖော်ရန် ကွင်းပြီးစီးသွား ပြီဖြစ်သဖြင့် ယင်းကွင်းတွင်ပင် ဆန္ဒပြရန် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အသိပေးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူးဦးသွင် စိုးကပြောသည်။
ဇွန်လ ၂၄ ရက်မှ စတင်ကာ ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့သော် လည်း ဆန္ဒပြခွင့်ရရန် ရုံးပြောင်းတင်ရသဖြင့် ဇွန်လ ၂၆ ရက် ၀န်းကျင်မှ ဆန္ဒပြခွင့်ရနိုင်ကြောင်း၊ လူဦးရေ ၅၀၀ ခန့်ဖြင့် ငါးရက်ကြာ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း အတွင်းရေးမှူးကပြောသည်။

‘‘ဂိတ်ခန်းဈေးကို စည်ပင်က ခုတောင်းနေတဲ့ဈေးလည်း မ ဟုတ်၊ အရင်နှစ်က ဈေးမျိုးလည်း မဟုတ်ဘဲ ညှိနှိုင်းဈေးတစ်ခုဖြစ် အောင် တောင်းဆိုသွားမှာပါ’’ဟု အတွင်းရေးမှူးကဆိုသည်။

ဆန္ဒဖော်ထုတ်မည့်ရက်များ တွင် ဂိတ်ခန်းများအားလုံး ပိတ် ထားကြမည်ဖြစ်ကြောင်း ဂိတ်ခန်း လုပ်ငန်းရှင်များကပြောသည်။ ပခုက္ကူမြို့မှ ပဲနှမ်းကုန်သည် တစ်ဦးဖြစ်သူ ဦးဇင်မင်းထွန်းက ‘‘ဒီနေ့သွားတာ ကုန်တွေက လက် မခံတော့ဘူး။ အဲဒါကြောင့် ခွကျ နေတာ။ ကုန်တင်ဖို့ရာ အခက်အ ခဲဖြစ်နေတယ်’’ဟုပြောသည်။

ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းအသစ်သည် မန္တ လေးမြို့၏ တောင်ဘက် စွယ် တော်မြတ်စေတီတော်အနီးတွင် တည်ရှိသည်။ မန္တလေးမြို့တွင်း ယာဉ်ကြောကျပ်တည်းမှုများကို ဖြေလျှော့ရန်အတွက် မြို့တွင်း ယာဉ်ရပ်နားစခန်းများမှ ကုန်တင် ယာဉ်ဂိတ်စခန်းအားလုံးကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ကာပြောင်းရွှေ့စေခဲ့သည်။

ယခုလက်ရှိပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် ကုန်တင်ဂိတ်ခန်းပေါင်း ၂၂၄ ခန်း ငှားရမ်းထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

7 Day Daily , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment