Pages

Pages - Menu

Tuesday, June 3, 2014

မေ့လို့မရတဲ့ နေ့တနေ့

RangonNewsDaily: June . 3 .2014
တောင်ကုတ် ဆိုတာကြားယုံနဲ့ 

ကျနော့်ရင်ထဲမှာ အမှောင်တွေနဲ့  ရှုပ်ရှုပ်သွားတယ်
နိဒါန်းပျိုးခြင်းကို ခရီးသွားဆယ်ယောက်ကို
ခေါင်းစဉ်မရှိ အကြမ်းဖက်သတ်လိုက်တယ်...
ဥပဒေဆိုတာ ကာရန်မညီတဲ့ တေးတစ်ပုဒ်
ရာဇသတ်ကြီးပုဒ်မ ဆိုတာ မွတ်စ်လင်တွေအတွက် မဟုတ်သလို
အခြေခံဥပဒေဆိုတာ ကျနော်တို့ အတွက် ရေးခဲ့တာ မဖြစ်သလို...

ကြားမိသေးလား
ထိုဆယ်ယောက် မိသားစုတွေ ဘာတွေဖြစ်ကုန်လဲဆိုတာ
မြင်မိသေးလား
ထိုဆယ်ယောက်အတွက် ကျခဲ့ရတဲ့ မျက်ရည်တွေ...

ငိုလိုက်ပါ မိတ်ဆွေ
အားပါးတရ ငိုလိုက်ပါ 
ရှဟီဒီတွေ အတွက် ငိုလိုက်ပါ
မွတ်စ်လင်တွေအတွက် ဒိုအာမှာ ငိုလိုက်ပါ...

ဘယ်တော့မှ မေ့လို့ ရမှာ မဟုတ်ပါဘူး
ဘယ်တော့မှ မေ့မှာလည်း မဟုတ်ဘူး...

အညတရ(ညက သိပ်မှောင်လွန်းတယ်)

၂း၀၁ 
၃.၆.၂၀၁၄
Ye' Htoo 

No comments:

Post a Comment