Pages

Pages - Menu

Friday, June 13, 2014

ကမ္ဘာ့ဖလားပွဲစဉ်တိုင်းအား အခမဲ့ ထုတ်လွှင့်ပြသရန် ထိုင်းစစ်အစိုးရ ညွှန်ကြား



RangonNewsDaily: June . 13 .2014
ထိုင်းနိုင်ငံတွင် ဘောလုံးဝါသနာရှင်များ ကမ္ဘာ့ဖလားပွဲစဉ်မှန်သမျှကို အခကြေးငွေပေးစရာမလိုဘဲ ကြည့်ရှုနိုင်ရေးအတွက် ရုပ်သံဌာန ကြီးကြပ်ထိန်းသိမ်းရေး အဖွဲ့က သေချာဆောင်ရွက်ပေးကြရန် ထိုင်းစစ်အစိုးရက ညွှန်ကြားထားသည်ဟု ဇွန်လ ၁၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုအစီအစဉ်မှာ၎င်းတို့အကောင်အထည်ဖော်လျက်ရှိသော “ပျော်ရွှင်ရေးလှုပ်ရှားမှု”၏အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း
လည်း ထိုင်းစစ်အစိုးရက ဆိုခဲ့သည်။ ထိုင်းစစ်အစိုးရသည် အခမဲ့ဆံသဆိုင်များဖွင့်လှစ်ပေးခြင်း၊ အခမဲ့ တေးဂီတဖျော်ဖြေပွဲ
များကျင်းပပေးခြင်း စသည်ဖြင့် မက်လုံးပေးမူဝါဒ အချို့ကို အကောင်အထည်ဖော်လျက်ရှိသည်။

ကမ္ဘာ့ဖလားအား အခကြေးငွေဖြင့် ပြသခွင့်လိုင်စင်ကို ဝယ်ယူထားခဲ့သော ရုပ်သံလွှင့်ဌာနက ဒေါ်လာ ၂၁ ဒသမ ၅ သန်း ကို လျော်ကြေးငွေအဖြစ် တောင်းဆိုထားကြောင်း သတင်းများက ဆိုကြသည်။


ထိုင်းစစ်တပ်သည် ထိုင်းနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ဆောင်ကြဉ်းရေး ကတိကဝတ်ဖြင့် ပြီးခဲ့သည့်လအ

တွင်းက ထိုင်း အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ထိုင်းစစ်အစိုးရသည် အာဏာသိမ်းပြီးချိန်
မှစ၍ သဘောထားကွဲလွဲသူများကို နှိမ်နှင်းခဲ့သည်။ ဆန့်ကျင်အံတုလာနိုင်သူ ရာပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်း
ခဲ့ပြီးနောက် ထိုသူများအနေဖြင့် အနာဂတ်လုပ်ဆောင်မှုများကို ဆင်ခြင်ကြရန် သတိပေးကာ ပြန်လွှတ်ပေးခဲ့သည်။

ထိုင်းနိုင်ငံတွင် ဘန်ကောက်အပါအဝင် အချို့နေရာများ၌ ညမထွက်ရအမိန့် ဆက်လက်ရှိနေဆဲ ဖြစ်သည်။ အာဏာသိမ်းမှု

အား ဆန့်ကျင်သော အတိုက်အခံများကို နှိမ်နင်းရန် ကြိုးပမ်းသည့်အနေဖြင့် ထိုင်းစစ်အစိုးရသည် ဖိနှိပ်ချုပ်ချယ်သော မူဝါဒနှင့်အတူ အခြားတစ်ဘက်တွင်လည်း ဆွဲဆောင်မှုရှိသော အစီအစဉ်များကို ဖော်ဆောင်လျက်ရှိသည်။ကမ္ဘာ့ဖလား
ပွဲများအား လူတိုင်း အခမဲ့ ကြည့်ခွင့်ရအောင်ဆောင်ရွက်ပေးခြင်းသည် “ပျော်ရွှင်ရေး လှုပ်ရှားမှု” ဆိုသော အစီအစဉ်၏ အဓိကကျသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

RS ရုပ်သံလွှင့်ဌာနမှာ ကမ္ဘာ့ဖလားပွဲ ထုတ်လွှင့်ခွင့်လိုင်စင်ကို ဝယ်ယူထားခဲ့ရာ အခမဲ့လိုင်းများအား ကမ္ဘာ့ဖလားပွဲ အား

လုံးအနက် သုံးပုံတစ်ပုံခန့်ကိုသာ ထုတ်လွှင့်ခွင့်ပေးရန် မူလက စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မူလအစီအစဉ်အရဆိုလျင် ပွဲအားလုံးကို ကြည့်ရှုလိုသူများအနေဖြင့် decoder ကိရိယာတစ်ခု ဝယ်ရန်လိုအပ်မည်ဖြစ်ပြီး၊ ထိုကိရိယာ၏ ဈေးနှုန်းမှာ ဆင်းရဲသားများ မတတ်နိုင်သော ငွေကြေးပမာဏ ဖြစ်သည်။
ထို့ကြောင့် ထိုင်းစစ်အစိုးရကနိုင်ငံတော် ရုပ်သံဌာန ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့အနေဖြင့် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် အားလုံးအား အခမဲ့ ပြသနိုင်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ 


များပြားသော လျော်ကြေးငွေ ပေးရဖွယ်ရှိသည့်ကြားမှ ထိုကဲ့သို့ စီစဉ်ခြင်းလည်း ဖြစ်သည်။

Mizzima Sport News ,
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment