Pages

Pages - Menu

Monday, June 23, 2014

ဒေါ်ကြိုင်ကြိုင် သေဆုံးသည့်သတင်းမှာ ကောလာဟလသာဖြစ်ကြောင်း ယင်းနှင့်နီးစပ်သူပြော

RangonNewsDaily:: June . 23 .2014
ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင် ဆေးရုံ တက်သည်ဆိုသည့်သတင်းမှာ မှန်သော်လည်း သေဆုံးသွားသည်ဟု ပြောဆိုနေ ခြင်းသည် ကောလာဟလများသာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
''ဆေးရုံတက်ရတာမှန်ပေမယ့် ကွယ်လွန်သွားတယ်ဆိုတာ မဟုတ်ပါ ဘူး။ အခုအားလုံးကောင်းနေပါပြီ။ ဘယ်ဆေးရုံဆိုတာကိုတော့ ပြောလို့ အဆင်မပြေ ပါဘူး''ဟု ယင်းကပြောသည်။

ဇွန် ၂၁ ရက်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏ဇနီး ဒေါ်ကြိုင် ကြိုင်မှာ တပ်မတော်စစ်ဆေးရုံအမှတ် ၂ တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း လူမှု ကွန်ရက်စာမျက်နှာများတွင် ရေးသားနေခြင်းကို အတည်ပြု ဖြေဆိုပေးခဲ့ခြင်းဖြစ် သည်။


ဗိုလ်ချုပ်မှူးကြီးဟောင်းကတော် ဆေးရုံတက်နေရသည်ဆိုသောကြောင့် ကျန်းမာရေးအခြေအနေကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စိတ်ဝင်တစား မေးမြန်းမှုများရှိခဲ့ပြီး ဒေါ်ကြိုင်ကြိုင်သည် ဗေဒင်ကို အလွန်ယုံကြည်သူဖြစ်ခြင်း ကြောင့် ယတြာချေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်ကိုလည်း တွေ့ ရသည်။ 


အငြိမ်းစားဗိုလ်ချုပ်မှူးကြီးကတော် ဆေးရုံတင်လိုက်ရသည်ဆိုသည့် အ ကြောင်းကို ဧရာဝတီသတင်းဌာန၏ လူမှုကွန်ရက်
စာမျက်နှာဖြစ်သည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ယခုကဲ့သို့ ဖော်ပြထားသည်။

''ဒေါ်ကြိုင်ကြိုင်ရဲ့ကျန်းမာရေး အလတ်ကြီးရှိသေးတယ်။ ဆေးရုံတက် ရတာ သွေးတိုးကြောင့် တက်ရတာလို့ပြောတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်းလဲ ဒေါင်ဒေါင်မြည်ဆဲဖြစ်ပြီး နေပြည်တော်မှာရှိနေကြောင်း'' ဧရာဝတီသတင်းဌာန၏လူမှု

ကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

Yangon Media  , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment