Pages

Pages - Menu

Sunday, June 22, 2014

မုတ်သုံလေအားကောင်းနေ သောကြောင့် ဒေသအချို့ ရေကြီးနိုင်ပြီး မိုးတိမ်တောင်အန္တရာယ်ရှိ

RangonNewsDaily:: June . 22 .2014
ဘင်္ဂလားပင်လယ်အော် တွင် မုတ်သုံလေအားကောင်းနေ သောကြောင့် ပင်လယ်ပြင်တွင်လေ ပြင်းကျကာ လှိုင်းကြီးနိုင်
သည့်အ ပြင် ဒေသအချို့ ရေကြီးနိုင်ပြီး မိုး တိမ်တောင်အန္တရာယ်လည်းရှိနေ ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ
ထွန်းလွင်ကသတိပေး ထားသည်။‘ဒီရက်ပိုင်း ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၂ပေလောက်အထိ လှိုင်းကြီးနေတဲ့အပြင်
လေတိုက် နှုန်းကလည်း တစ်နာရီ မိုင် ၅၀ လောက်အထိ ပြင်းနေတယ်။ ဒေ သတွင်းမှာလည်း နေရာကွက်ပြီး မိုးကောင်း
နေတယ်။ ညနေပိုင်း တွေမှာ မိုးတိမ်တောင်အန္တရာယ် ကလည်း ရှိနေသေးတယ်’’ဟုဆို သည်။

မိုးတိမ်တောင် ရာသီဥတု ကြောင့် မိုးကြိုးပစ်သည့်ဖြစ်စဉ် များကို မုတ်သုံဝင်ပြီးစအချိန်များ တွင်ပါ သတိပြုရန်လိုကြောင်း ဒေါက်တာထွန်းလွင်က သတိပေး ပြီး ဇွန်၂၀ရက် ညနေက ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီမြို့နယ် တွင် လယ်ယာလုပ်
ငန်းဝင်နေ သောအမျိုးသမီးနှစ်ဦးမိုးကြိုးထိ မှန်၍ သေဆုံးခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းနေ သောကြောင့် ရန်ကုန်၊ ကျောက် ဖြူ၊ စစ်တွေ၊ မအူပင်၊ ပဲခူးနှင့်သ ထုံမြို့များတွင် ရေကြီးမှုအ

လား အလာများ နောက်နှစ်ရက်ခန့်အ ထိ မြင့်မားနေဆဲဖြစ်ကြောင်းသ တိပေးထားသည်။

မိုး/ဇလဌာနက ကပ္ပလီပင် လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် မုတ်သုံလေအား ကောင်းရာမှ အားအလွန်

ကောင်း နေပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် မိုးသက်လေပြင်း များကျရောက်
နိုင်ပြီး လှိုင်းကြီးနိုင် ကြောင်း ဇွန် ၂၁ရက်တွင်သတင်း ထုတ်ပြန်ထားသည်။

ပင်လယ်ပြင်ခရီးသွားသ င်္ဘောများနှင့်ငါးဖမ်းရေယာဉ်များ လေပြင်းနှင့်လှိုင်းအန္တရာယ်ကိုသတိပြုမောင်းနှင်သင့်ြေ
ကာင်း
 မိုး/ဇလဌာနဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြော ကြားသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment