Pages

Pages - Menu

Saturday, June 21, 2014

ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်ကို လူချင်းတွေ့၍ တောင်းပန်


RangonNewsDaily:: June . 21 .2014
သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဇနီးဖြစ်သူ ဖေ့စ်ဘုတ်မှာ ဒေါ်အောင်ဆ န်းစုကြည်နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ ပို့စ်တခုကို ရှယ်ခဲ့မိတဲ့ ကိစ္စ မနေ့တုန်းက လွှတ်တော် တက်နေတဲ့ဒေါ်အောင်ဆန်းစုကြည် ကို လူကိုယ်တိုင် တောင်းပန်စကား ဆိုခဲ့တယ်လို့ သိရပါတယ်။
ဦးရဲထွဋ်က အဲဒီကိစ္စနဲ့ သူ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ တောင်းပန်ခဲ့ပြီး မနေ့က လူချင်း မျက်နှာချင်း ဆိုင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်စကားဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စ မရှိပါဘူးလို့ ခွင့်လွှတ်စကား ဆိုတယ်လို့ ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်က ထပ်ရေးပြီး ပြောထားပါတယ်။

"ဒီနေ့ မနက် ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို Facebook ကိစ္စနဲ့ ပတ်သက်ပြီး တောင်း ပန် တဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စမရှိပါဘူးလို့ပြန် ပြောခဲ့ပါ တယ်။ အဲဒီလို နားလည်ခွင့် လွှတ်ပေး မှု အပေါ် ကျေးဇူးတင်ပါတယ်။ 

နောက်တော့ ဒေါ်အောင်ဆန်းစုကြည်၊ ကျွန်တော်၊ အန်ကယ်ဦးဝင်းထိန်၊ ကိုကျော်သီဟ၊ ဒေါ်စုစုလွင် တို့ ပြည်သူ့နီတိပညာပေးဇာတ်လမ်းတွဲများ ရိုက်ကူး နေတဲ့ ကိစ္စ၊ ဗြိတိန်နိုင်ငံ တော်ဝင်ဘုရင့် စစ်တက္ကသိုလ်အကြောင်းတွေ ဆွေးနွေးဖြစ် ခဲ့ပါတယ်။ " 

အထက်ကလို ဦးရဲထွဋ်ရဲ့ ရေးသားထားတဲ့ ပို့စ်အောက်မှာလည်း ဦ်းးထွဋ်အနေနဲ့ သတ္တိရှိခြင်းကို ပြသ တာဖြစ်လို့ ချီးမွမ်းစကား ကွန်မန်တွေလည်း တွေ့ရသလို ခွင့်လွှတ်တတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လေးစားကြောင်း ကွန်မန့်ရေးတာမျိုးလည်း တွေ့ရပါတယ်။ 

ဧရာဝတီ , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment