Pages

Pages - Menu

Tuesday, June 3, 2014

ဘန်ကောက်တွင် စစ်တပ်နှင့် ဆန္ဒပြသူများ လိုက်တမ်းပြေးတမ်း ကစားသည့်နှယ်ဖြစ်


RangonNewsDaily: June . 3 .2014
ဘန်ကောက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ထောင်ဂဏန်းမျှထိ ဖြန့်ကျက်ထားပြီး သံချပ်ကာယာဉ်များက ၎င်းတို့ကို အကာအကွယ် ပေးထားသည်။ မည်သို့ပင်ဖြစ်စေ စစ်တပ်၏ အာဏာသိမ်းမှုကို မကျေမနပ် ဆန္ဒပြနေသူများ ရှိနေဆဲဖြစ်ပြီး ၎င်းတို့ကို စစ်သားများက လိုက်လံဖမ်းဆီးရန် အားထုတ်နေကြသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် စစ်တပ်နှင့် ဆန္ဒပြသူများကြား ကြောင်နှင့်ကြွက် လိုက်တမ်းပြေးတမ်း ကစားသည့်နှယ် ဖြစ်နေကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့တွင် ဘန်ကောက်ရှိ အချက်အခြာ လမ်းမများပေါ်၌ အာဏာသိမ်း စစ်တပ်၏ တပ်ဖွဲ့ဝင်များ ဖြန့်ကျက် နေရာယူထားပြီး ဖြစ်သည်။ သို့သော်လည်း ဆန္ဒပြသူ လူနည်းစုက မြို့တော်၏ နေရာအချို့တွင် ကြိုကြားကြိုကြား ဖီဆန်မှုများ ရှိနေဆဲဟု ဆိုသည်။

ဘန်ကောက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ထောင်ဂဏန်းမျှထိ ဖြန့်ကျက်ထားပြီး သံချပ်ကာယာဉ်များက ၎င်းတို့ကို အကာအကွယ် ပေးထားသည်။ မည်သို့ပင်ဖြစ်စေ စစ်တပ်၏ အာဏာသိမ်းမှုကို မကျေမနပ် ဆန္ဒပြနေသူများ ရှိနေဆဲဖြစ်ပြီး ၎င်းတို့ကို စစ်သားများက လိုက်လံဖမ်းဆီးရန် အားထုတ်နေကြသည်။

ရဲတပ်ဖွဲ့က ဘန်ကောက်ရှိ အထင်ကရ ကုန်သွယ်ရေး ဗဟိုချက် နေရာများတွင် စုရုံးနေသည့် ဆန္ဒပြသူ အချို့ကို ဖမ်းဆီးခဲ့ကြောင်း အတည်ပြုခဲ့သည်။ ထိုင်းနိုင်ငံတွင် စစ်တပ်အကြီးအကဲ ပယာရွတ်သ် ချန်အိုချာသည် မေလ(၂၂)ရက်နေ့က အာဏာသိမ်းခဲ့ပြီးနောက် လူ(၅)ဦးထက် စုရုံးခွင့်ကို တားဆီးပိတ်ပင်မိန့် ထုတ်ပြန်ထားသည်။ 


သို့တိုင်အောင် ထိုနေ့ရက်မှ အစပြုပြီး ဘန်ကောက်တွင် အတိုက်အခံ ဆန္ဒပြမှုများ ဖြစ်ပေါ်နေဆဲဟု သိရသည်။ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက မြို့လယ်ရှိ အရောင်းစင်တာကြီး တစ်ခုရှေ့တွင် လူပေါင်း(၂၀)ကျော်၊ (၃၀)မျှ စုရုံး ဆန္ဒပြခဲ့သေးကြောင်း AFPက ဖော်ပြခဲ့သည်။

လုံခြုံရေး အဖွဲ့ဝင်များသည် အဓိကရုဏ်း နှိမ်နင်းရေးဒိုင်းများကို တုတ်များဖြင့်ရိုက်ရင်း ညာသံပေးကာ ဆန္ဒပြသူများကို ခြိမ်းခြောက် လူစုခွဲခဲ့ကြသည်။ ၎င်းတို့၏ နောက်ဘက်တွင် ပစ်ခတ်ရန် အသင့်အနေအထား ရှိနေသည့် စက်သေနတ် တပ်ဆင်ထားသော Humvee ဂျစ်ကားတစ်စင်းက လိုက်ပါလာခဲ့သည်။ 


ဆန္ဒပြသူများသည် လက်ချောင်း(၃)ချောင်းဖြင့် အလေးပြုသည့် ပုံစံမျိုးလည်း ပြုလုပ်ပြကြသည်။ ယင်းသည် Hunger Games ဇာတ်ကားများ၌ အာဏာဖီဆန်သည့် အမူအယာ သင်္ကေတလည်း ဖြစ်သည်။ လက်ရှိတွင်မူ ဆန္ဒပြသူများသည် တစ်နေရာ၌ စုရုံးပြီး စစ်တပ်က လာရောက် ဖြိုခွဲသည့်အခါ အခြားနေရာသို့ ပြောင်းရွှေ့ပြီး ရွေ့လျားစနစ်ဖြင့် ဆန္ဒပြနေဆဲဟု သိရှိရသည်။

Planet Myanmar Network , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment