Pages

Pages - Menu

Wednesday, June 25, 2014

အမျိုးသမီးချင်း ချစ်ကြိုက်သည့် “ပျော်အောင်နေလိုက်တော့” သီချင်းရိုက်ကူးမှုကို စမိုင်းလ်က ပွင့်လင်းစွာပြော

ဓာတ်ပုံအညွှန်း - "New Me" အယ်လ်ဘမ်မှ 'ပျော်အောင်နေလိုက်တော့' သီချင်း ဇာတ်ဝင်ခန်းမှ စမိုင်းလ်နှင့် သင်ဇာဝင့်ကျော်။
RangonNewsDaily:: June . 25 .2014
သရုပ်ဆောင်စမိုင်းလ်၏ "New Me" အယ်လ်ဘမ်မှ “ပျော်အောင်နေလိုက်တော့” သီချင်းအမ်တီဗီ ရိုက်ကူးမှုတွင် သင်ဇာဝင့်ကျော်နှင့်အတူ အမျိုးသမီးအချင်းချင်း ချစ်ကြိုက်နေသည့် ပုံစံဇာတ်ဝင်ခန်း ရိုက်ကူးမှုနှင့်ပတ်သက်ပြီး ပရိသတ်များ၏ ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။
“ဒီသီချင်းက နေရာတိုင်းမှာ တန်းတူအခွင့်အရေးရှိသင့်တယ်ဆိုတာကို ပြောချင်တာ။ စမိုင်းလ်က နဂိုကတည်းက မိန်းကလေးကျောင်းမှာ နေခဲ့တာ။ အဲဒီတော့ အချစ်တော်ထားတာတို့ကို နဂိုကတည်းက ၀ါသနာ ပါတယ်။ ဒီသီချင်းလေးရိုက်မယ်ဆိုတော့ အဲဒီအိုင်ဒီယာလေးကိုရပြီး စမိုင်းလ် သြဇီက ဒါရိုက်တာတစ်ယောက်ကို ရိုက်ခိုင်းခဲ့တာ။ စာသားလေးက ချစ်တဲ့သူက ထားသွားရင်လည်း ပျော်အောင်နေတတ်ဖို့ ကြိုးစားပါဆိုတဲ့ စာသားလေးပါ”ဟု ၎င်းက ပြောသည်။

"New Me"အယ်လ်ဘမ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ထွက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းအယ်လ်ဘမ်အတွက် အမ်တီဗီရိုက်ကူးရာတွင် “ပျော်အောင်နေလိုက်တော့” သီချင်း၌ ပရိသတ်များအမြင်ဆန်းစေရန် ပုံစံပြောင်းလဲ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်းအယ်လ်ဘမ်ကို မိုးရာသီအကုန် ပွင့်လင်းရာသီ၌ ထွက်ရှိနိုင်ရန် ကြိုးစားနေသည်။

ယင်းအယ်လ်ဘမ်တွင် မြန်မာဒါရိုက်တာများဖြစ်သည့် သုံးပေါင်၊ ၀င်းလွင်ထက်နှင့် အင်္ဂလန်မှ ဒါရိုက်တာ တစ်ဦး၊ သြစတြေးလျမှ ဒါရိုက်တာ တစ်ဦး၊ နယူးဇီလန်မှ ဒါရိုက်တာ တစ်ဦးတို့က ရိုက်ကူးထားခြင်းဖြစ်သည်။

"New Me" အယ်လ်ဘမ်ကို အင်္ဂလန်၊ ဟောင်ကောင်နှင့် စပိန်နိုင်ငံတို့တွင် မော်ဒယ်များဖြင့် ရိုက်ကူးထားကာ ရိုက်ကူးမှု ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။


Mizzima - News , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment