Pages

Pages - Menu

Tuesday, June 3, 2014

အနည်းဆုံး လုပ်ခလစာ သတ်မှတ်မှု စက်တင်ဘာလတွင် ကြေညာမည်


RangonNewsDaily: June . 3 .2014
အနည်းဆုံး လုပ်ခလစာ သတ်မှတ်မှုကို စက်တင်ဘာလတွင် ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးထင်အောင်က ပြောသည်။
““ကျွန်တော်တို့ ဒီလိုကြေညာတဲ့ အခါမှာ ကန့်ကွက်မယ် ဆိုလို့ရှိရင် ရက်ပေါင်း (၆၀)အချိန်ယူပြီး၊ ပြုပြင် ပြောင်းလဲခြင်းကို ဆောာင်ရွက် သွားမှာ ဖြစ်ပါတယ်””ဟု ပြည်ထောင်စု ဒုတိယ ၀န်ကြီးက ပြောသည်။

ထို့ပြင် အလုပ်အကိုင်နှင့် ကျွမ်းကျင် ရေး ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ဆက်လက် ထားရှိမည့် သဘောတူညီချက်ဆိုင်ရာ
စာချုပ် နမူနာ မူကြမ်းကို စက်မှုဇုန် (၁၈) ဇုန် ၏ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ အထည်ချုပ် လုပ်ငန်းများနှင့် အထည်ချုပ် မဟုတ် သည့် CMP လုပ်ငန်းများ တွင်ရှိသည့် အလုပ်ရှင် အလုပ်သမား များမှ ပြည်ထောင်စု ၀န်ကြီး ဌာနသို့ ပေးပို့
ထားပြီး၊ အကြံဉာဏ်များ ရယူ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးထင်အောင်က ဆိုသည်။

လက်ရှိတွင်လည်း အလုပ်သမားများသည် တစ်နေ့ လုပ်ခလစာ (၅၈၀၀) ကျပ် ရရှိရေးအတွက် ဆန္ဒထုတ်ဖော် တောင်းဆို

လျက် ရှိသည်။

““အလုပ်ရှင် တွေကလည်း အလုပ်သမားတွေ တောင်းတဲ့ လစာမပေးနိုင်လို့ အလုပ်ကို ပိတ်လိုက်မယ် ဆိုရင် အလုပ်သ

မားတွေ အလုပ် လက်မဲ့ဖြစ်မယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက် မနစ်နာအောင်လို့ ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ ဆောင်
ရွက် လျက်ရှိပါတယ်””ဟု အလုပ်သမား ဒုတိယ ၀န်ကြီးက ပြောသည်။

အလုပ်ရှင်နှင့် အလုပ်သမား များကြား ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၌ အလုပ်သမားများ
 ဘက်တွင်သာ ရှုံးနိမ့်မှု များနေပြီး၊ ယင်းကဲ့သို့ ဖြစ်ပေါ်နေမှု များကို အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် စီစဉ် ဆောင်ရွက် ပေးသင့်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးဋ္ဌေးက ပြောသည်။

Messenger News , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment