Pages

Pages - Menu

Sunday, June 8, 2014

ကျိန်စာတိုက်ခံထားရတဲ့အတွက် ရော်နယ်ဒို ကမ္ဘာ့ဖလားပွဲကို လွဲချော်မည်


RangonNewsDaily: June . 8 .2014
ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ လာမယ့်ကမ္ဘာ့ဖလားပွဲကို လွဲချော်မှာဖြစ်တယ်လို့  ဂါနာလူမျိုး နတ်ဆရာတစ်ဦးက ပြောကြားလိုက်ပါတယ်။
Nana Kwaku Bonsam ဆိုတဲ့ နာမည်ကျော် ဂါနာနတ်ဆရာတစ်ဦးဟာ ရီးယဲလ်မက်ဒရစ် စူပါကြယ်ပွင့် ရော်နယ်ဒိုကို ကျိန်စာတိုက်ခဲ့ပြီး ဘရာဇီးကမ္ဘာ့ဖလားပွဲကို လွဲချော်အောင်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အဆင့် ဂါနာလက်ရွေးစင်အသင်းနဲ့ တွေ့ ဆုံမယ့်ပွဲစဉ် ပေါ်တူဂီလူစာရင်းမှာ ပါဝင်ထားခဲ့ပေမယ့် ဒီတစ်ပတ်မှာ ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေအရ ရော်နယ်ဒိုဟာ ကမ္ဘာ့ပြိုင်ပွဲကြီးတစ်ခုလုံးကို လွဲချော်နိုင်လိမ့်မယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ဒီဒဏ်ရာကို လေ့ကျင့်ရေး အစီအစဉ်မှာ ရရှိခဲ့တာပါ။

ဒါပေမယ့် ဂါနာရဲ့ ထိပ်တန်းနတ်ဆရာတစ်ဦးကတော့ သူ ကျိန်စာတိုက်ခဲ့တဲ့အတွက် အခုလိုဖြစ်ခဲ့ရတာလို့  ဆိုပါတယ်။

“ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဒဏ်ရာကဘာလဲဆိုတာ ကျွန်တော်သိတာပေါ့။ ကျွန်တော် သူ့ ကို ပြုစားခဲ့တာလေ” လို့ Bonsam ကပြောကြားခဲ့ပါတယ်။ ဒါတကယ်ပြောနေတာနော်။ ၀ိညာဉ် Kahwiri Kapam ကိုမွေးထုတ်ဖို့  အတွက် ကျွန်တော် လွန်ခဲ့တဲ့တစ်ပတ်က ခွေး လေးကောင်ရဖို့ ရှာပုံတော်ဖွင့်နေခဲ့တယ်။ အနည်းဆုံးတော့ ရော်နယ်ဒို ဂါနာနဲ့ ကန်မယ့်ပွဲမှာ မပါအောင်လို့ ”

“ ဒီဒဏ်ရာကို ဘယ်ဆရာဝန်မှ ကုနိုင်မှာမဟုတ်ဘူး။ ဒဏ်ရာဘာကြောင့်ဖြစ်နေသလဲဆိုတာ သူတို့ သိနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒါက ဂမ္ဘီရပိုင်းနဲ့ ဆိုင်တယ်။

ပေါ်တူဂီတာဝန်ရှိသူတွေကတော့ ရော်နယ်ဒိုဟာ ကမ္ဘာ့ပွဲစဉ်အမီပြန်ကောင်းလာလိမ့်မယ်လို့  မျှော်မှန်းထားကြပြီး ဂါနာနတ်ဆရာကတော့ ရော်နယ်ဒို လုံးဝပါဝင်လို့ မရအောင် နောက်ထပ်ကျိန်စာတွေ တိုက်အုန်းမယ်လို့ ဆိုပါတယ်။

Trend Myanmar , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment